ပီးခဲ့တဲ့ 24-8-2013 သာယာဝတီကို အဖွဲ့ ကိုယ်စားလှယ် မမလတ်နဲ့ ကိုအောင်မင်းကို
သွားရောက်ပီး တာဝန်ခံ ဆရာတော်နဲ့ တွေ့ ဆုံခဲ့ပါတယ်။ စာသင်ဆောင် ဆောက်မယ့်
မြေနေရာများ ကြည့်ရှုပြီး လိုအပ်နေသော ကျောင်းဆောင်အတွက် ဆွေးနွေးတိုင်ပင်
ဆောက်လုပ်ရေးအင်ဂျင်နီယာများနဲ့ ညှိနှိုင်းခဲ့ပါတယ် စာသင်ဆောင် ပုံကြမ်းကို ဒီနေ့ 
ရေးဆွဲပြီး ကုန်ကျငွေများကို အကြမ်းဖျင်းထပ်တွက် အသေးစိတ်စီစဉ်နေဆဲပါခင်ဗျာ
မကြာခင် ကုန်ကျနိုင်သောခန့် မှန်းငွေသိလျှင် အဖွဲ့ ဝင်များနဲ့ စေတနာအလှုရှင်များထံ
အသေးစိတ် ထပ်မံတင်ပြပေးပါ့မယ် အလှုငွေ ကောက်ခံဖို့ ဘဏ်အကောင့်များနှင့်
ဆက်သွယ်ရန်ဖုန်းနံပတ်များကို မြန်မာ၊ မလေးရှား၊စင်္ကာပူ၊ကိုးရီးယား ၊ ထိုင်းနိုင်ငံ
ကိုယ်စားလှယ်များထံမှ တောင်းခံ၍ စတင်ကောက်ခံပါမယ် အလှုငွေမကောက်ခံခင်
အပြည့်အစုံတင်ပြပေးနိုင်ဖို့ ကြိုတင်ပြင်ဆင်ထားပါ့မယ်.အခုဟာက စာသင်ဆောင်
နမူနာကို အားလုံးသိစေဖို့  ပုံကြမ်းတင်ပြပေးရခြင်းဖြစ်ပါတယ် လိုတိုးပိုလျှော့လုပ်ပီး
အလှုငွေဘတ် ဂျက် သိန်း ၂၀၀ ထက် ပိုခဲ့လျှင် တိုးချဲ့ ဆောက်ပါ့မယ် လတ်တလော
အမာခံ ကျောင်းဆောင်ဖြစ်မြောက်ရေး အလှုရှင်စုစည်းထားပြီး စာရင်းအသေးစိတ်ကို
တင်ပြပေးပါ့မယ် အဖွဲ့ ဝင်မန်ဘာအဟောင်းများ အသစ်ဝင်လာတဲ့မန်ဘာများနှင့်
စေတနာအလျောက် ထည့်ဝင်ဖို့ ပြောထားတဲ အလှုရှင်များအားလုံး ဆောက်လုပ်ဒီဇိုင်း
သေချာစီစဉ်ပီး နောက်အပတ်လောက် စကောက်ပါ့မယ် ဆယ်လပိုင်းအထိ ငွေစုပီး
စာသင်ဆောင်ကို စတင်ဆောက်လုပ်ပါ့မယ် နောက်အပတ်မှစ ဆယ်လပိုင်းအထိစု
၁၁ လပိုင်း ၁၂လပိုင်း ၂၀၁၄ ၁လပိုင်းအထိ သုံးလအတွင်း ပြီးအောင် အားတိုက်၍
ဆောက်နိုင်အောင် စီစဉ်ထားပါ့မယ် ဒါကြောင့် ဒီစာသင်ဆောင်ဟာ နှစ်သစ်မှာ
အောင်မြင်စွာဖွင့်လစ်နိုင်မို နီးစပ်ရာ ရင်ဘတ်တူသူများ အင်တိုက်အားတိုက်နဲ့ 
စေတနာထက်သန်သူများက အမာခံ ကျောင်းဆောင်ဖြစ်မြောက်ရေးမတည်ငွေကို
စာရင်းပေး လှုဒါန်းလာတာ ၅သိန်းအလှုရှင် ၂ဦး၊ ၃သိန်းအလှုရှင် ၂၁ ဦး ၂သိန်း
အလှုရှင် ၂ဦး ၁သိန်းအလှုရှင် ၁ဦး ၅သောင်းအလှုရှင် ၁ဦး အကြမ်းဖျဉ်း ရပါတယ်
ဒီလူတွေဟာ အမာခံမတည်ငွေဖြစ်ပြီး မန်ဘာကြေးများ နိုင်ငံတကာအလှုငွေများ
မကောက်ခံရသေးခင် ဖြစ်မြောက်ရေးငွေ ဖြစ်ပါတယ် အလှုရှင်များအနေနဲ့ လှုဖို့ 
အမာခံ မတည်ငွေသော်လည်းကောင်း ၊ မျိုးဆက်သစ် အွန်လိုင်းပရဟိတအဖွဲ့ ၏
ပုံမှန် မန်ဘာငွေအရသော်လည်းကောင်း ။ မန်ဘာအဖွဲ့ ဝင်မလုပ်ပဲ စေတနာရှိသလို
တတ်နိုင်သလောက် ထည့်လှုမယ်ဆိုရင်လည်း ရပါတယ် မလေးရှာနိုင်ငံအတွင်း
မန်ဘာကြေး တစ်လ ၃၀ ဖြစ်ပြီး မြန်မာနိုင်ငံအတွက် မန်ဘာဝင်မယ်ဆိုလျှင်
မန်ဘာကြေး ၂ထောင် ကျပ်ဖြစ်ပါတယ် မန်ဘာဝင်မယ်ဆိုလျှင် မျိုးဆက်သစ်အဖွဲ့ 
ရပ်တည်ချက်သဘောတရားအတိုင်း ပြည်နယ်နှင့်တိုင်း ၁၄ခုကို တစ်ကြိမ်စီလုပ်တဲ့
အလှုတွေအတွက် သေချာသော မန်ဘာငွေများနဲ့ လည်ပတ်ချင်လို့ ဖြစ်ပါတယ်
တခြားနိုင်ငံတွေကိုတော့ ရရှိသောလစာ ၀င်ငွေကို အသေးစိတ် မသိသောကြောင့်
မိမိတို့ လစာလုပ်အားခမှ သင့်တော်သလို ထည့် မန်ဘာကြေးမသတ်မှတ်ပါ
အဖွဲ့ ၏ ငွေရေကြေးရေး အရှုပ်အရှင်း မရှိစေဖို့  အလှုသေချာစီစဉ်ပီးမှသာလျှင်
အလှုငွေကို အလှုနေရာအတည်သတ်မှတ်ပီးမှ ကောက်ခံပါမည် တစ်ကြိမ်လှု
ရသလောက် အကုန်လှုပြီး အဖွဲ့ ငွေလက်ကျံ ရန်ပုံငွေဟု ထားမည်မဟုတ်ပါ
အလှုကာလမရောက်ခင် မိမိအလှုငွေ ကိုယ်တိုင်ကိုင်ပီး တကယ်အလှုဖြစ်မှ
တကယ်လှုမယ့်ပြည်နယ် သို့ မဟုတ် တိုင်း ကမကထပြု တာဝန်ခံများထံသို့ 
မိမိတို့ လမ်းသင့်သလို အရောက်လွှဲကြဖို့ သာဖြစ်ပါတယ် တကယ့်အနှစ်သာရမှာ
နိုင်ငံတကာ အလှုအင်အားစုစည်းမှုကို လိုချင်တာဖြစ်ပါတယ် တစ်ယောက်ချင်း
မလှုနိုင်ပေမယ့် နဲနဲစီစုတာနဲ့  သိန်း ၁၈၀ တန် ကျောင်းဆောင်မကြာခင်ကာလမှာ
လက်တွေ့ ဖြစ်လာပါလိမ့်မယ် ဒါကို တစ်ဦးရင်ထဲ တစ်ဦးနားလည်ပြီး ရင်ဘတ်ချင်း
တူသူများအားလုံး လက်တွဲညီကြဖို့ တိုက်တွန်းနှိုးဆောင်ရခြင်းဖြစ်ပါတယ်ခင်ဗျာ
ဖွဲ့ စည်းပုံမှာ အွန်လိုင်းအခြေပြု အွန်လိုင်းသူငယ်ချင်း အသိမိတ်ဆွေများသာဖြစ်ပြီး
တစ်ဦးနှင့်တစ်ဦး အပြင်မှာ တွေ့ ဆုံနိုင်သူ နဲပါတယ် အလုပ်တွေလုပ်နေကြရင်းနဲ့ 
အင်တာနက်တွေ သုံးနေကြရင်းနဲ့ ကုန်သွားမယ့်အချိန်တွေထဲက လုပ်ခလစာထဲမှ
ငွေထဲကနေ အမှတ်တရ မှတ်တိုင် အလှုတွေကို ဆင်းရဲချို့ တဲ့နေသော မြန်မာပြည်
ပြည်နယ်နှင့်တိုင်း ၁၄ခုလုံးမှာ တစ်နေရာစီ စိုက်ထူကြဖို့ ဖြစ်ပါတယ် ။အားလုံး
လူချင်းတွေ့ ကြမှာမဟုတ်ပဲ အွန်လိုင်းက စုလုပ်ကြမှာဆိုတော့အဓိကလိုတာက
ယုံကြည်ချက်ရယ် လုပ်မယ်ဆိုတဲ့စိတ်ရယ် လှုချင်တဲ့ဝါသနာရယ် ဒါတွေတူညီရင် လက်တွဲလို့ ရပါပြီ ယခုအပတ် Sunday မှာ အလှုခံ ကမကထပြု ငွေလွှဲတာဝန်ခံ
လိပ်စာတွေ ရေးတင်ပေးမှာမို့  Sunday ကစပီး စာသင်ဆောင်အတွက် အလှုငွေ
စတင်ထည့်လို့ ရပါပြီတခြားနိုင်ငံက အဖွဲ့ ဝင်များထံသို့ လက်လှမ်းမီသလောက်
အသိပေး ဖြန်ဝေပေးစေလို့ ပါတယ် Tag မှာ အများကြီးမရောက်သောကြောင့်
အဆင့်ဆင့် ဖြန်ဝေပေးပါ။ မလေးရှား မှ မန်ဘာများကို တစ်လ ၃၀ နှင့်၆လစာ
၁၈၀ ကောက်ခံဖို့ စီစဉ်ထားပါတယ် ပရဟိတအလှုဖြစ်တာကြောင့် အဆင်မပြေလျှင်
တတ်နိုင်သလောက်သာ ထည့်နိုင်ပါတယ် စေတနာအရ သင့်တော်သလိုထည့်မည်
ဆိုလျှင်လည်း ရပါတယ် ။ ဒါကတော့ မန်ဘာကြေးနဲ့  စေတနာကြေးဖြစ်ပါတယ်
ကျနော်နှင့် စိတ်တူကိုယ်တူ ဖြစ်မြောက်ရေး အမာခံလူများမှ မန်ဘာကြေးမဟုတ်
မြန်မာငွေ ၃သိန်းကို အမိအဖတို့ နာမည်နှင့် ထည့်ဝင်လှုဒါန်းပါမည် အမိအဖတို့ အား
ကျောင်းလှုမည်ဟု အသိပေး၍ လုပ်ခလစာကို မိဘမဲ့ကလေးများ စာသင်ဆောင်
ဖြစ်မြောက်ရေး အမာခံ ဘတ်ဂျက်သို့ လှုဒါန်းပါမည် ဒါကြောင့် အသိမိတ်ဆွေများ
သူငယ်ချင်းများအနေဖြင့် မန်ဘာကြေးအရ စေတနာကြေးအရ အမာခံကြေးအရ
သုံးမျိုးသုံစားထဲမှ မိမိတို့ အဆင်ပြေသလို ထည့်ဝင်နိုင်ပါကြောင်း အသိပေးပါရစေ
မရှင်းမလင်းတာများရှိပါက zwmnna@gmail.com သို့  Add ၍ မေးလို့ ရပါ၏
လိုအပ်သော အကြံညဏ်များကိုလည်း mail ပို၍ ပြေားကြားနိုင်ပါတယ်ခင်ဗျာ..
စည်းလုံးညီညာအောင်ကြောင်းဖြာဆိုတဲ့ စကားအတိုင်း လက်တွဲညီကြပါစို့ ..။
မှတ်ချက် ။ အလှုငွေပိုလာပါက ကျောင်းဖွင့်ပွဲမှာ စာပေဟောပြောပွဲတစ်ခုကို
မိဘမဲ့ကလေးများ အသိပညာတိုးပွားရေး မိဘမဲ့ပေမယ့်လည်း ဘ၀ကိုရဲရင့်စွာ
ရင်ဆိုင်ဖြတ်သန်းနိုင်ရေး စိတ်အားမငယ်ရေး ပညာတတ်များဖြစ်စေရေး
ခွန်အားမြင့် စာပေဟောပြောပွဲတစ်ခု ထည့်ချင်ပါတယ် ......အကြံဥာဏ်များ
ရှိပါက စုပေါင်းတိုင်ပင် ဆွေးနွေးကြပါစို့ ................................။
မျိုးဆက်သစ် အွန်လိုင်းပရဟိတအဖွဲ့ ကိုယ်စား = မောင် (စွယ်စုံကျမ်း)
တိုင်းပြည်ခေါင်းဆောင်တွေအသုံးမကျ
အရှုံးပြလို့ မွဲနေတာလို့ ပြောနေမယ့်အစား
ကျနော်တို့  တတ်နိုင်တဲ့ဘက်က လုပ်ကြည့်ကြရအောင်
ဒီလို..မနေခဲ့...မသင်ခဲ့.......မသိခဲ့ဘူး...တကယ်ပြောတာ.
ကျနော်မြင်အောင်လည်း မကြည့်ခဲ့ဖူးဘူး ။
25 မကျော်ခင်အထိတော့ ချစ်သူကို
ရွှေနန်းထက်မှာထားချင်တဲ့လူ တွေထဲက
သာမာန်လူတစ်ယောက်ပါပဲဗျာ
အခုတော့ မြင်တတ်ပီ ကြည့်တတ်ပီ
သိတတ်လာပီ တော်ပါသေးတယ်
မသေသေးလို့ .... သေခါနီးမဟုတ်လို့ 
ကံကောင်လေးစွ ကျနော့်အသွေးသားတွေ
သန်မာသွက်လက်တုံး ။ ဒီနေ့ ကစပြီး စားဖို့ ရှာမယ်
ကြွားဖို့ မဟုတ်ဘူး ။ မစားလည်း ဖြစ် မသုံးလည်းရ
မ၀ယ်လည်း အဆင်ပြေမယ့် ငွေတွေထဲကနေ
ကျနော်တို့ ဖြစ်အောင် အကျိုးကြီးအောင်လှုမယ်
သေချာတယ်နော် ဒီအလှုငွေဟာ အေးဆေး
သိပ်သေချာတယ် ဒီငွေကြောင့် ကျနော်ထူးပီး မမွဲဘူး
မေတ္တာရေတစ်ပေါက် မသောက်လောက်တာအမှန်ပဲ
တစ်ယောက် တစ်ပေါက်ဆို သောက်လောက်ပါတယ်
ခမ်းခြောက်နေတဲ့ သူတို့ ဘ၀တွေအတွက် ရေကြည်တစ်ပေါက်ပေါ့
မျှဝေခြင်းဟာ ရှင်သန်ခြင်း အစစ်ပဲ
အဲ့ဒါကိုသိ ဘာအားဆေးမှ မလိုတော့ဘူး
ကျနော်အသွေးသားတွေ သစ်လွင်လန်းဆန်း
အမြဲတမ်း ဖလမ်းဖလမ်းထနေတော့မှာ ..
ခင်ဗျားတို့ ရော 25 ကျော်နေပီလား...????
Composed by မောင် ( စွယ်စုံကျမ်း )