Quantcast
Channel: အောက်က ၀က်ဆိုဒ်လိပ်စာအသစ် www.mssk.info သို့ ကြွခဲ့ပါ
Viewing all articles
Browse latest Browse all 2935

အလွမ်းဒဏ်ရာအတွက် ဥပက္ခာ

$
0
0


ချစ်သူ……
မင်းဘဝသာယာဖို့ဆိုရင်
ငါ့ဘဝကိုချနင်း
ထင်းထင်းမြင်နိုင်တဲ့
မင်းမျှော်လင့်ချက်ဆီကို
ငါရောက်အောင်ပို့ပေးလိုက်မယ်……
ငါ့ရင်ကွဲလည်းကွဲပါစေတော့
ငါ့အသည်းထဲနင်ရှိနေတာပဲ……
ရယ်သံမဲ့တဲ့ဒီဘဝထဲ
ငယ်သံပါအောင်တော့ အော်မငိုချင်ဘူး……
ငါ့အချစ်ကပေးဆပ်ဖို့သက်သက်
ကျန်တာဘာအတွက်မှမလိုဘူး……
နင်ပေးခဲ့တဲ့နှလုံးသားအတွက်အနာတရ
ငါ့အတွက်တော့အမှတ်တရတွေအပြည့်နဲ
ငါ့စိတ်ထဲမှာနာကျည်းမိပေမယ့်
ငါ့အတွေးထဲတော့
နင့်ပုံရိပ်တွေစိုးမိုးနေတုန်း…
ငါ့နားထဲတော့
နင့်အသံလွင်လွင်လေးတွေ
ခုထိပြန့်လွင့်နေတုန်း……
သြော်……
ငါခုထိ နင့်ကိုချစ်နေတုန်း……
မမုန်းရက်ပါဘူး
ချစ်တောင့်ချစ်ခဲ ငါ့အသည်းမှာ
နင့်အတွက်နေရာ
ထာဝရပေးထားတော့မယ်……
အခုတော့……
နှလုံးသားရဲ့ငိုကြွေးသံတွေ……
အလွမ်းဒဏ်ရာရဲ့ဝေဒနာတွေ……
အထီးကျန်ခြင်းရဲ့ပြုစားမှူတွေ……
အားလုံး   အားလုံးပါပဲလေ……
ငါ့ရင်ထဲမှာ သိမ်းထားလိုက်ပါ့မယ်……
ငါ့ဝေဒနာတွေအတွက်
ခံစားရခက်နေပေမယ့်……
တနေ့နေ့တော့
ငါ့ခံစားချက်တွေကို
ဥပက္ခာပြုနိုင်လာမှာပါ……


လွှမ်းဝေအောင်



Viewing all articles
Browse latest Browse all 2935