Quantcast
Channel: အောက်က ၀က်ဆိုဒ်လိပ်စာအသစ် www.mssk.info သို့ ကြွခဲ့ပါ
Viewing all 2935 articles
Browse latest View live

PC ပေါ်ကနေ Android App တွေကို Fee ဒေါင်းယူနိုင်မယ့် - YouWave for Android Home v3.17 + Crack & Key

$
0
0


အခု Software လေးကိုတော့ ဘော်ဒါတွေကြိုက်ကြမယ်ထင်ပါတယ်။ အထူးသဖြင့် Phone Service ဆိုင်က သူ ငယ်ချင်းတွေအသုံးတည့်မှာပါ။ အခု Software လေးက ကွန်ပြူတာထဲကနေပြီး Android App , Live Wallpaper , Games စတာတွေကို Free ဒေါင်းယူပေးနိုင်မှာဖြစ်ပါတယ်ဗျာ။ ဒါ့အပြင် PC နဲ့ Phone ချိတ်ဆက်ပြီး App: များ ကို မြန်ဆန်စွာ Install လုပ်ပေးနိုင်မှာဖြစ်ပါတယ်ဗျာ။ ဒီထက်ပိုမိုတဲ့ Feature တွေကို ဆက်လက်လေ့လာချင် တယ်ဆိုရင်တော့ အောက်မှာလေ့လာနိုင်ပါတယ်ဗျာ။ အမြဲတမ်းသုံးနိုင်အောင် အောက်မှာ Crack နဲ့ Key ကို ပါထည့်ပေးထားပါတယ်ဗျာ။ အဆင်ပြေတာနဲ့သာအသုံးပြုကြပါဗျာ။


YouWave for Android Home 3.17 software allows you to find Android applications and games, and mobile software without having to store it on your computer, run. Download thousands of online software store software by this program possible. YouWave Android is the fastest way to run Android on your PC. Easy to use, easy to install and run the software, and adding other features of the software is applied. The software easily and without any additional cost to you how to work with a smart phone (Smart Phone) experience.

The Key Features Of YouWave for Android:

- Supports Android 2.3 Gingerbread (new)
- Simulated SD card functionality
- Possibility of multiplayer online games
- Installation, quick insert and run games and programs for Android
- The easiest and fastest way to run Android on a computer without phone
- Ability to download thousands of Android applications and games from Android Store
- Quick restart by storing the
- Control keys in order to program easier to use
- A volume control buttons
- Retractable control panel
- Ability to run 32 and 64 bit versions of Windows XP, Vista, 7

Installation Guide:

1 - Install the software.
2 - Do not run the software you will be running at the same time to close it.
3 - Patch folder contents to the installation and operation software, copy files, execute Patch.exe Patch do. (Note that if you use Windows Vista or 7 to run must file Patch.exe on it, right click and select Run as administrator Patch to work correctly)
4 - Run the software.

Guide:

Apk file for each application that you want to put the android apps folder and then run the program you wave, then you'll see the left panel (and above) will show you the name of the program.
In Windows 7, go to the following path:
C :/ Users / PCName / youwave / android apps
In Windows XP, go to the following path:
C :/ Documents and Settings / PCName / youwave / android apps


**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

** အဆင်ပြေပါစေဗျာ။



$ပေးရတဲ့ Application များကို အခမဲ့ဒေါင်းယူနိုင်မယ့် - Blackmart Alpha 0.99.2.44 Apk (Hacking Application)

$
0
0


အခုတင်ပေးလိုက်တဲ့ Application လေးကတော့ ဘော်ဒါတွေအကြိုက်တွေ့မှာပါ။ ဘာလို့လည်းဆိုတော့ Android App , Game , Live Wallpaper , Theme စတဲ့ Application တိုင်းကို အခမဲ့ဒေါင်းယူနိုင်မှာဖြစ်ပါတယ် ဗျာ။ တချို့ ၀ယ်ရတဲ့ Application တွေကိုတောင် Free ဒေါင်းယူနိုင်မှာဖြစ်ပါတယ်ဗျာ။ Pro Version တွေကိုပါ အခမဲ့ ဒေါင်းယူနိုင်မှာဖြစ်ပါတယ်ဗျာ။ ဒီလောက်ဆို စိတ်ဝင်စားသွားကြမှာပါ။ File Size ကလည်း 2.4MB သာသာလေးဘဲရှိလို့ လွယ်ကူစွာဒေါင်းယူနိုင်ပါတယ်ဗျာ။ Android OS 2.3.3 နှင့်အထက်ဖုန်းများမှာအသုံးပြု နိုင်မှာဖြစ်ပါတယ်ဗျာ။






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

** အဆင်ပြေပါစေဗျာ။


လမ်းမတော် ဖိုးတုတ်နှင့် သူ၏ ကိုယ်ရေး ရာဇဝင် (ဖြစ်ရပ်မှန်)

$
0
0


လွန်ခဲ့တဲ့ နှစ်အနည်းငယ် မြန်မာ့ ရုပ်ရှင်လောက မှာ ထွက်ပေါ် ခဲ့တဲ့ လူမိုက် တစ်ရာ ဆိုတဲ့ ဇာတ်ကားကို လူကြိုက် အတော်များခဲ့ ပါတယ်..။ 

ဒီဇာတ်လမ်းဟာ တစ်ခေတ်တစ်ခါ က ရန်ကုန်မြို့မှာ တကယ်ရှိခဲ့ဖူးတဲ့ လူမိုက်ကြီး လမ်းမတော် ဦးဖိုးတုတ် ရဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်း ကို ရိုက်ကူး ထားတယ် လို့လည်း ပြောနေ ဆိုနေတာတွေ ကြားခဲ့ဖူး ပါတယ်။

 ဒါပေမယ့် ကျွန်တော် ဒီဇာတ်လမ်းခွေ ကို ကြည့်ပြီးတဲ့ အခါမှာတော့ လမ်းမတော် ဖိုးတေ ဇာတ်လမ်း ဟာ သမိုင်း အချက်အလက် အရ လမ်းမတော်ဖိုးတုတ် ဇာတ်လမ်းအစစ် အမှန် လုံးဝ မဟုတ်ဘူး သိလိုက် ရပါ တယ်..။

 အဲဒီ ဇာတ်ကားကြည့်ပြီး တဲ့ လူတော်တော်များများ ကတော့ ဒါဟာ လမ်းမတော် ဖိုးတုတ် သမိုင်း အမှန်ပဲ လို့ ထင်နေကြတဲ့ အတွက် ကျွန်တော် ဒီသမိုင်းကြောင်း ကို ရေးသား ရခြင်းဖြစ်ပါတယ်။
 

လူမိုက် တစ်ယောက်ရဲ့ သမိုင်းကြောင်း ကို မင်းက ဘာလို့ ဒီလောက် ရှင်းချက်တွေ ထုတ်နေတာ လဲဆိုပြီး မေးလာ သူတွေရှိပါလိမ့်မယ်..။ ကျွန်တော်ရှင်းပါ့မယ်။
 

ဦးဖိုးတုတ် ဟာ ကိုလိုနီခေတ် မှာ ရန်ကုန်မြို့ရဲ့ ပြိုင်ဘက် မရှိ နာမည် အကျော်ကြားဆုံး မြန်မာ လူမျိုး လူမိုက် တစ်ဦးပါ။
  

ယို့ယွင်းနေတဲ့ ကိုလိုနီ အုပ်ချုပ်ရေးစနစ် နဲ့အတူ လူမျိုးခြား လူမိုက်တွေ ကြီးစိုးနေတဲ့ ရန်ကုန်မြို့ မှာ လူမျိုးခြား မိုက်တွေကို နှိပ်ကွပ် ခဲ့ပြီး မြန်မာတွေ ဘက်ကရပ်တည်ပေး ခဲ့တဲ့ မြန်မာ လူမိုက်ကြီး ပါ ။
မခံချင် စိတ်ကြောင့် အသက်ငယ်ငယ် မှာ လူဆိုး လူမိုက်ဖြစ်ခဲ့ ရပေမယ့် ဦးဖိုး တုတ်ဟာ လူယုတ်မာ တစ်ယောက်တော့ မဟုတ်ခဲ့ပါဘူး..။
 

ခေတ်ရဲ့ သားကောင် အဖြစ် လူဆိုး လူမိုက်ဖြစ်ခဲ့ တဲ့ လမ်းမတော် ဦးဖိုးတုတ်ရဲ့ တစ်ခြား မျက်နှာတစ်ဖက် မှာ ရှိနေတဲ့ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်၊ လွတ်လပ်ရေး ကိုမြတ်နိုးစိတ် ဆိုတဲ့ ဇာတိမာန်လေး ကို တွြေ့ မင်စေ ချင်လို့ ၊ ရုပ်ရှင်ကြည့်ပြီး သမိုင်းအချက်အလက် အမှားတွေကို အမှန်လို့ မထင်စေချင်လို့ ဒီစာ ကို ရေးရခြင်းဖြစ်ပါတယ် ။
 

 လမ်းမတော် ဖိုးတုတ် ဆိုတဲ့ လူမိုက်ကြီး ဟာ ဟိုင်နန်ကျွန်း မှာ စစ်ပညာ သင်ကြားဖို့ သွားခဲ့တဲ့ ရဲဘော်သုံးကျိပ် အတွက် ငွေကြေး အများဆုံး လှူဒါန်းခဲ့တဲ့သူ တစ်ဦးဖြစ်တယ် ဆိုတဲ့ သမိုင်းမှာ မထင်ရှားခဲ့တဲ့ဖြစ်ရပ်လေးတွေကို ပေါ်လွင်စေချင် တဲ့ စေတနာလည်းဖြစ်ပါတယ်..။
လမ်းမတော် ဖိုးတုတ် ဆိုတာ
………………………………….
ဦးကျော်ဟိန်း ရိုက်ခဲ့ တဲ့ လမ်းမတော် ဖိုးတေ ရုပ်ရှင် ထဲကလို ဖိုးတုတ် ဟာ ကုန်ထမ်း သမားတစ်ယောက် မဟုတ် သလို ဖိုးတုတ်ရဲ့ လူမိုက် ဘ၀ ဟာ  အစပြုခဲ့တာလည်းမဟုတ်ပါဘူး ။
ဖိုးတုတ် ရဲ့ မိခင် ကြီးဒေါ်ချစ်ပု ဟာ ရန်ကုန်မြို့ (၁၄)လမ်းမှာ ဈေးရောင်းပြီး အတန်အသင့် ချောင်လည်တဲ့ မိသားစုပါ ။
 

ဖိုးတုတ် မှာ ညီ ကိုဘသိန်း၊ ညီမ  အရပ် ၅ ပေ ၈ လက်မ ၊ အသားညိုညို နှုတ်ခမ်းမွှေး ထားတတ်တဲ့ ဖိုးတုတ် ဟာ ဘ၀ကို အပူအပင် မရှိ ဖြတ်သန်းနိုင်ခဲ့ သူပါ..။ ဖိုးတုတ် ဟာ သူနေ တဲ့ လမ်းမတော် (၁၄)လမ်း မှာ အတန်းအစားပေါင်းစုံ နဲ့ အပေါင်းအသင်း ဆန့်သူတစ်ယောက်ဖြစ် ပြီး လူငယ် ပီပီ ဂျင်ဝိုင်း ၊ ကြက်ဝိုင်း တွေ မှာ လှည့်လည်ပျော်ပါး အချိန်ဖြုန်းရင်း တစ်ခါတစ်ရံ မိခင်ကို ကူညီဈေးရောင်း ရင်းနေ ခဲ့သူပါ ။
 

ဦးလေးတော် သူ ရဲ့ မြို့တွင်း ဆွဲ မော်တော်ကား မှာ စပါယ်ယာ လိုက်လုပ်ခဲ့ပေမယ့် မဟုတ်မခံ စိတ်ကြောင့် ခဏခဏ ရိုက်မှုဖြစ် ပြီး အလုပ်ထွက်ခဲ့သူ  တစ်ဦးဖြစ်ပါတယ်။
ဖိုးတုတ်ရဲ့ လူမိုက် ဘ၀က………..ဒီလိုစပါတယ်..။
 

 ဖိုးတုတ် ကို လူမိုက် ဘ၀ရောက်အောင် စတင်ခဲ့တဲ့ သူကတော့ လမ်းမတော် ဖိုးတုတ် ခေတ် မတိုင်ခင် လမ်းမတော် လူမိုက်ကြီးဖြစ်ခဲ့တဲ့……….ပုဏားဘထွန်း ပါပဲ…။
 

အဲ့ဒီခေတ်က လမ်းမတော် မှာ ပုဏားဘထွန်း ၊ သိမ်ကြီးဈေး လှဖေ ၊ ဗိုလ်တစ်ထောင် ကျောက်တံတား မတ်စတီးခန်း ၊ ကြည့်မြင်တိုင် ကြက်ကျား ၊ ဘားလမ်း ဟူစိန် ဆိုပြီး ရန်ကုန်မြို့ မှာ သူ့အပိုင်း နဲ့သူ အပိုင် စား လူမိုက် ကြီးတွေ ကြီးစိုးခဲ့ပါတယ်။
 

ရန်ကုန်မြို့ အုပ်ချုပ်ရေးမှာ ပုလိပ်အင်အားနဲ့လူဦးရေ မမျှတဲ့အတွက် ပုလိပ်တွေ ဟာ နယ်မြေတိုင်းက အပိုင်စား လူမိုက်တွေကို ခါးပိုက်ဆောင်ထဲ ထည့်ပြီး အုပ်ချုပ် ခိုင်းလေ့ရှိပါတယ် ။နယ်မြေ အပိုင် လူမိုက်တွေ ဟာ ကိုယ်ပိုင် နက် နယ်မြေထဲက ဒုစရိုက်မှု က ရတဲ့ငွေကြေး ၊ ဈေးရောင်း ဈေးဝယ် စီးပွားရေး သမားတွေ ရဲ့ မိမိစီးပွားရေး မထိခိုက်အောင် ကာကွယ်ပေးဖို့ ပေးတဲ့ လစဉ်ကြေးကို ခံစားလေ့ ရှိပါတယ်..။
                                                                                                                                            

ပုဏားဘထွန်းက ကြောက်စရာအကောင်းဆုံးအဖြစ် နာမည်ကြီး ပါ တယ်။ ပုဏား ဘထွန်း  ရဲ့ နောက် မှာ ဗိုလ်တစ်ထောင် ကကုလား သူဌေးတစ်ဦးလည်းဖြစ် လူမိုက် တစ်ဦးလည်း ဖြစ်တဲ့ မတ် စတီးခန်း ရှိပါ တယ်။ ပြီးတော့ ပုလိပ်မင်းကြီးနဲ့လည်း ပုဏားဘထွန်း ဟာ ပုဂ္ဂိုလ်ရေး အရ အင်မတန်ရင်းနှီးတယ် လို့ နာမည်ကြီး ပါတယ် ။
 

အဲ့ဒီ အချိန်မှာ ဖိုးတုတ် ကလည်း လမ်းမတော် တ၀ိုက်မှာ နည်းနည်းလေးနာမည် ထွက်လာတဲ့ ဇ ရှိတဲ့ လူငယ်ခြေတက် ကလေးပေါ့..။ 

ဖိုးတုတ် က ဆင်းရဲသား မဟုတ် ၊ မိုက်ကြေးခွဲခံ ရတဲ့အထဲ မပါပေမယ့် လူမျိုးခြား လူမိုက်တွေ ရန်ကုန်မြို့ ထဲ စိုးမိုးခြယ်လှယ်နေတာ ကို လုံးဝ မကျေနပ် ၊ မြန်မာ လူမျိုးတွေ သတ္တိ နည်းလို့ လူမျိုးခြား လူမိုက်တွေ ဗိုလ်ကျခံနေရတာ ကို မနှစ်မြို့ ၊ ပြီးတော့ သိမ်ကြီးဈေး လှဖေ တို့လို မြန်မာ လူမိုက်တွေ ကလည်း ကိုယ့် အပိုင် နယ်လောက်မှာ သာ ကျယ်နိုင်ပြီး တစ်ခြားနယ်တွေမှာ ကုလား လူမိုက်တွေ မြန်မာ လူမျိုးတွေကို အနိုင်ကျင့်တဲ့ ကိစ္စတွေကို လက်ရှောင်နေတတ် ကြတာ ဟာ ဒီကုလား လူမိုက်တွေကို မြန်မာ လူမိုက်တွေ က ကြောက်လို့ပဲလို့ ယူဆမိပြီး ခံပြင်းနေခဲ့ပါတယ်။
 

 ဒါနဲ့ပဲ လူမိုက်လောက ထဲ ၀င်ဖို့ ဖိုးတုတ်ရဲ့ ဆုံးဖြတ်ချက် ကို ပိုမို ခိုင်မာစေမဲ့… ကိစ္စတစ်ခု ပေါ်လာ ပါတော့ တယ် ။
 

ပြသနာက ဒါလ်ဟိုဇီလမ်း မှာအပိုင်စားပြီး ဈေးသည်တွေ ကို မိုက်ကြေးလိုက် ခွဲနေတဲ့ မတ်စတီးခန်း ရဲ့ တပည့် မာမွတ် နဲ့ဖိုးတုတ် တို့ စကားများရာ က ဖိုးတုတ် က မာမွတ်ကို မူလီခေါင်းတပ် တုတ် နဲ့ မသေ မရှင်ရိုက်လိုက်ရာ က စတာပါ..။
 

မာမွတ်ကို ရိုက်လိုက်တဲ့ ကိစ္စအတွက် လူမိုက်ကြောနောကြေနေ တဲ့ မတ်စတီးခန်း က သူ့တပည့်ကုလား လူမိုက်တွေ ကို ဖိုးတုတ်ကို ရန်သွား မရှာကြဖို့ ၊ ဖိုးတုတ် ဟာ မီးခဲ ဖြစ်လာနိုင်တယ် ဆိုပြီး တားမြစ်ခဲ့ ပါသေးတယ်..။
 

ဒါပေမယ့် မာမွတ် ကိစ္စမကျေနပ် တဲ့ မတ်စတီးခန်း တပည့် နှစ်ယောက်က ဖိုးတုတ် ကို ပြသနာ ရှာကြရာ မှာ နှစ်ယောက်လုံး ဖိုးတုတ် က ဓါးမြောင် နဲ့ထိုးလွှတ်လိုက်ပါတယ်..။
ဒါပေမယ့် လည်း မတ်စတီးခန်းရော ၊ ပုဏားဘထွန်း ပါ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှ ဖိုးတုတ် ကို ပြသနာ လာမရှာကြတာကိုက ဖိုးတုတ်အတွက် ၀ိရောဓိဖြစ်စရာ ကိစ္စတစ်ခုဖြစ်နေပါတယ် ..။
 

ပုဏားဘထွန်းက သူ့လူကို ထိရင် ဘယ်လိုပြန်လုပ်တတ်သည် ဆိုတာ ရာဇ၀င်တွေ ရှိတာကို ဖိုးတုတ်သိ သည်.. ဒီအတိုင်း ထိုင်နေပြီး သူလာမယ့် အချိန် စောင့်နေတာ ထက် ပုဏားကို သွားရှင်းမည်။ ပြီးတော့ နယ်မြေ အပိုင်လူမိုက်တွေ ကို တစ်ယောက်ပြီး တစ်ယောက် ဆက်ရှင်းဖို့ ဆုံးဖြတ်လိုက်ပါတော့ တယ်………..။
ဖိုးတုတ် လူမိုက်ဖြစ်သွားပြီ..။
…………………….
၁၉၃၂ ခုနှစ် ၊ရန်ကုန်မြို့၊ လမ်းမတော် (၁၁)လမ်း ၊
လမ်းမတော် တစ်ရပ်ကွက်လုံး မှ ဆင်းရဲသား ၊ လူချမ်းသာ ၊ ဖိုးတုတ် ၏ မိဘများပါ မကျန် ဖိန့်ဖိန့် တုန်အောင် ကြောက်ရွံ့ရသော ၊ ရန်ကုန်မြို့အတွင်းရှိ အခြားနယ်မြေ အပိုင်စား လူမိုက် အချင်းချင်းပင် ဆရာကြီး ဟု ရှေ့က တပ်ခေါ် ရလေသော ပုဏားဘထွန်း ၏ အိမ်ရှေ့သို့ မြနေအောင်သွေးထားသည့် ငှက်ကြီးတောင် ဓါးဖြင့် လူမိုက်ပေါက်စ တစ်ယောက်ရပ်နေသည်…။
 

ဖိုးတုတ်……ငှက်ကြီးတောင်ဓါး ကို ကျစ်ကျစ်ပါအောင် ဆုတ်ပြီး တစ်ယောက်ချင်း ဓါးချင်း ယှဉ်ခုတ်မည် အိမ်ပေါ်က ဆင်းခဲ့ ဖို့ စိန်ခေါ်ပါတယ် ။
တပည့်တပန်း အလွန်ပေါများပြီး လူမိုက် အချင်းချင်းပင် ကြောက်ရသော လူမိုက်ကြီး ပုဏားဘထွန်း အိမ်ပေါ်က လုံးဝ ဆင်းမလာ ။
 

တကယ်တော့ ပုဏားဘထွန်းနဲ့ ဖိုးတုတ် အသက်ချင်း အရွယ်ချင်း ကွာလွန်းနေပြီ ။ ဘယ်လောက်ပဲ မိုက်ခဲ့ မိုက်ခဲ့ နွားအို က ပေါင်ကျိုးနေပြီဖြစ်တဲ့ ပုဏား အနေဖြင့် ဖိုးတုတ် နှင့် တစ်ယောယ်ချင်း ယှဉ်လို့ မဖြစ် နိုင်တော့မှန်း သိသည်.. အိမ်ပေါ်က လုံးဝဆင်းမလာ ။
အကြိမ်ကြိမ် စိန်ခေါ်ပြီး ဖိုးတုတ်က စကားတစ်ခွန်းပြော သွားသည် ။
"ခင်ဗျားက လူမိုက် ပုဏား မဟုတ်တော့ဘူး.. ဆန်တောင်းတဲ့ ပုဏ္ဍားဖြစ်သွားပြီ……….
 

ဖိုးတုတ် က ဒီနေ့က စပြီး လမ်းမတော် လူမိုက်ဖြစ်သွားပြီ "
တကယ့် ၀ါရင့်လူမိုက်ကြီး ပုဏားဘထွန်း ကိုပင် အိမ်ရှေ့သွား စိန်ခေါ်သော ဖိုးတုတ် သတင်း က တစ်ခြား နယ်ပယ် ပိုင် လူမိုက်ကြီးတွေကြား ဂရက် ရိုက်သွားပါတော့တယ်…။
အဲ့ဒီလို နဲ့ ရန်ကုန် လူမိုက်လောက မှာ လမ်းမတော် ဖိုးတုတ် က အချိန်တို အတွင်း နေရာရခဲ့သူ တစ်ယောက် ဖြစ်ခဲ့ပါတယ်..။
………………………..
 


လမ်းမတော်ဖိုးတုတ် ဆိုတာ အပိုင်း(၂)
………………………………
ကိုကိုမောင်ရေးသားသည်။
…………………………………………………………………………
နယ်ချဲ့ဖိုးတုတ်
……………..
အဲ့ဒီခေတ်က ရန်ကုန်မြို့ ရပ်ကွက် အသီးသီးမှာ တစ်ဗိုလ် တစ်မင်း စိုးမိုး မင်းမူနေသည့် ရပ်ကွက် အပိုင် စား လူမိုက် များ သာ ကြီးစိုး ပါတယ်..။ လူမိုက် အချင်းချင်းနယ် မကျော်ကြပဲ နယ်ကျော် တဲ့ လူမိုက်တွေ အတွက်လည်း ဇာတ်သိမ်း မကောင်းခဲ့တာ ထုံးစံလိုဖြစ်နေ ခဲ့ပါတယ်..။
 

ဒါပေမယ့် လမ်းမတော်ဖိုးတုတ် ကတော့ လမ်းမတော် တစ်ရပ်ကွက်ထဲ မှာ ထိုင်ပြီး မင်းမူနေရုံ နဲ့ ကျေနပ် နိုင်သူ မဟုတ်ပါဘူး..။ ဖိုးတုတ် ပထမဆုံး မျက်စောင်းထိုးတာ ကတော့ ပန်းဆိုးတန်းလမ်း ပါ.. ။ ပန်းဆိုးတန်းလမ်း မှာက ဗိုလ်တစ်ထောင် ၊ ကျောက်တံတား လူမိုက် မတ်စတီးခန်း ကြီးစိုးနေပါတယ် ။
မတ်စတီးခန်း က တော့ သူ့လက်ရုံး မာမွတ်ကိစ္စပြီး ကတည်းက ဖိုးတုတ်ကိုေ၇ှာင်ဖို့ သူ့တပည့်တွေကို မှာပါတယ်..


 ဒါပေမယ့်…………ဖိုးတုတ် ပန်းဆိုးတန်း ကို ကိစ္စ တစ်ခုနဲ့သွားတဲ့ ည မှာ မတ်စတီးခန်း တပည့် တစ်ယောက် က နယ်ကျော်လာ တယ်ဆိုပြီး ဖိုးတုတ်ကို ရင့်ရင့် သီးသီးပြောခဲ့တဲ့ အတွက် အဲ့ဒီ လူမိုက် ဟာ ဖိုးတုတ် ဓါးချက်နဲ့ အူပွင့်တဲ့ အထိ အထိုးခံခဲ့ ရပါတော့တယ်..။
 

မတ်စတီးခန်း ဟာ ဖိုးတုတ် နဲ့တိုက်ရိုက်တွေ့မယ် ထင်ခဲ့ပေမယ့်… သူ တကယ်ရင်ဆိုင် လိုက်ရတာက သူ့ဗိုလ်တစ်ထောင်နယ်ထဲ က လူမိုက်ပေါက်စလေး ငမိုး ပါပဲ..။ မတ်စတီးခန်း ရဲ့ တပည့်တွေ ကြီးစိုးနေ တဲ့ ဗိုလ်တစ်ထောင် ဘုရားပွဲတော် ညတစ်ည မှာ ဗိုလ်တစ်ထောင်မြို့နယ် ထဲက ပျံကျပေတေနေတဲ့ ဆိုးသွမ်း လူငယ်လေး တစ်ယောက်က မတ်စတီးခန်း တပည့် ကုလားလူမိုက် (၈)ယောက်ကို ဓါးနဲ့ ၀င် ပိုင်းပါတယ် ။
 

ကုလားလူမိုက် (၃)ယောက် သေလုမျောပါး ဒဏ်ရာရသွားကြပြီး ကျန်တဲ့ လူမိုက်တွေလည်းခွေးပြေး ၀က်ပြေး ပြေးခဲ့ ရပါတော့တယ်…. ဒီအချိန်က စလို့ မက်စတီးခန်း ဟာ ပန်းဆိုးတန်း ကို ဖိုးတုတ်လက် ၊ ဗိုလ်တစ်ထောင် ကို ငမိုးလက် အပ်ပြီး လူမိုက်လောက ကနေ တစ်ဖြည်းဖြည်းနောက်ဆုတ် သွားပါတော့ တယ်..။
 

လမ်းမတော်ဖိုးတုတ် နဲ့ မရှေးမနှောင်း မှာပဲ ဓားရေးကြွယ်ပါတယ် ဆိုတဲ့ ဗိုလ်တစ်ထောင် ငမိုး ရဲ့ နာမည် ဟာလည်း ရန်ကုန် လူမိုက်လောက မှာ တဖြည်းဖြည်းကြီးမား လာပါတော့တယ်..။
………………………………..
ဗိုလ်တစ်ထောင်ငမိုးရဲ့ ဧည့်ဝတ်
…………………………………….
ငမိုး ပခုံးချင်းယှဉ်လာပြီ ဆိုတာနဲ့ လမ်းမတော်ဖိုးတုတ် က သူ့ထုံးစံ အတိုင်း ထိပ်တိုက်တွေ့ဖို့ ဆုံးဖြတ် လိုက်ပါတော့တယ်..။
 

ရန်ကုန်ရဲ့ ချမ်းစီးစီး ဒီဇင်ဘာ မနက်ခင်း တစ်ခုမှာ သက္ကလပ် အင်္ကျီအထူစားအောက်မှာ ဓားရှည် တစ်ချောင်း ကို လွယ်ပြီး ဘိုကလေးဈေး (ဘရုတ်ကင်းဈေး) လမ်းထဲ ကို ၀င်လာတဲ့ ဖိုးတုတ် ကို တွေ့ရပါတယ်..။
 

ဖိုးတုတ်က ဗိုလ်တစ်ထောင်ငမိုးအိမ်ရှေ့ရပ်လိုက်တယ်ဆိုလျှင်ပဲ…ငမိုးဘာလုပ်ရမှန်းမသိ ပြူးပြူး ပြာပြာဖြစ် သွားပါတယ် …. ငမိုး ချက်ချင်း အိမ်ပေါ်ကပြေးဆင်းပြီး လာရင်း ကိစ္စကိုမေး ပါတော့တယ်.။
ဖိုးတုတ် က သက္ကလပ် အင်္ကျီ ကို ဆွဲချွတ်ပြီး ရင်ဘတ်ကိုကော့ပေးသည်.. အေး ငမိုး မင်းဓါးရေးထက် တယ်ဆိုလို့ ငါလာ အထိုးခံကြည့်တာ ဟု အော်ကြီး ဟစ်ကျယ်ပြောတော့သည် ။
 

ငမိုးကလည်း လူနပ်…။ ပုဏားလိုတော့ အရှက်ကွဲ မခံနိုင် ။ ဒီတော့ ဖိုးတုတ် ကို ပြုံးပြရင်း
"ဟာ အကိုကြီး ကလည်း မဟုတ်တာ ဒီအကြောင်းတွေ မပြောပါနဲ့ ကျွန်တော်တို့ဗမာညီအစ်ကို ချင်း ကြား မှာ ဒါမျိုးတွေရှိသေးလားဗျာ.. အကိုတွေ့ချင်ရင်ခေါ်ခိုင်း လိုက်ပေါ့..တကူးတက ကျွန်တော့်ဆီ လာနေရ တယ်လို့"
 

 "အေး မင်းက ဗိုလ်တစ်ထောင် မှာ ဗိုလ်မထားဘူး ဆိုလို့.. ငါကလည်း ဗိုလ်လာ လုပ်တာလေကွာ"
"ဟာ အကိုကြီးရာ ကျွန်တော့် ကို မကြိုက်တာရှိရင် ဆုံးမလို့ရပါတယ်.. နာခံပါ့မယ်..ကျွန်တော် အကိုကြီး ကို ဧည့်ဝတ်ပြုပါရစေ "
 

ဖိုးတုတ် ဘာမှ မပြောတော့ပါ… ဗိုလ်တစ်ထောင် ငမိုး  … နယ်မြေ ချင်း စည်းမကျော် ဖို့သာပြော ခဲ့ပြီး  ..။
အပြန်တွင်တော့ အလာတုန်း ကလို မဟုတ်…………ဗိုလ်တစ်ထောင် ငမိုးပိုင် ရထားလုံးနှင့် ဖိုးတုတ်ကို အိမ်အရောက် လိုက်ပြန်ပို့ပေးပါတော့တယ်………….။
အဲ့ဒီအချိန်က စပြီး ဗိုလ်တစ်ထောင် ငမိုး သေဒဏ် ကျသွားတဲ့ အချိန်အထိ ဖိုးတုတ်နဲ့ ငမိုးတို့ဟာ သံခင်း တမန်ခင်း ဆက်ဆံရေးနဲ့ ဘာပြသနာ မှ ထပ်မဖြစ်ကြတော့ပါဘူး..။
…………………….
သူဌေးဖိုးတုတ်
………………….
လမ်းမတော် ဖိုးတုတ် ဟာ အရင် လူမိုက်တွေလို ကိုယ့်နယ်မြေ ကျဉ်းကျဉ်းလေး ထဲ မင်းမူနေတာ မဟုတ် တဲ့အတွက် ကြည်မြင်တိုင် ၊ ပုဇွန်တောင် ၊ လသာ ၊ ကမ်းနားလမ်း သိမ်ကြီးဈေး လူမိုက်တွေက အစ ဖိုးတုတ်ရဲ့ တပည့်အဖြစ် ၀င်ရောက်လာပြီး နယ်မြေဆိုင်ရာ ဆက်ကြေး တစ်ပုံကို လမ်းမတော် ဖိုးတုတ်ထံ သွင်းကြရပါတော့တယ် ..။
 

ရန်ကုန်မြို့ထဲ က ဘိန်းခန်းများ ၊ ဇိန်ခန်းများ ၊ ဟိုတယ်များ ၊ ပျော်ပွဲစား ရုံကြီးများ မှ အစ သိမ်ကြီးဈေး၊ သံဈေး ရှိ အရောင်းအ၀ယ် ဒိုင်ကြီးများ၊ လောင်းကစား ၀ိုင်းများ အလယ် ၊ ကြည့်မြင့်တိုင် စက်ဆန်း ပြေး ဆွဲသော ဘတ်စ်ကားလိုင်းတွေ ၊ ဂိတ်ထိုးသည့် Taxi ကားများ အဆုံး လစဉ် ဆက်ကြေး များအား ဖိုးတုတ် ထံ ပေးသွင်းရတော့သည်..။
 

လမ်းမတော်ဖိုးတုတ် ၀င်ငွေက တစ်လလျှင် (၃၀၀၀)နီးပါး ရှိသည် ဟု ခန့်မှန်းကြ သလို ဖယ်မလီယာ ကား(၂)စီးနှင့် မော်တော် တစီးပိုင်သည် အထိ ကြွယ်ဝ ချမ်းသာ လာခဲ့တော့သည်..။
လမ်းမတော် ဖိုးတုတ်က ရာဇ၀တ်မှုများ လိုက်ရာတွင် နာမည်ကြီးသော ရှေ့နေကြီး ပန်ကာအေးကို လို လူကို ပင် ဥပဒေ အကြံပေးအဖြစ် လစာပေး ငှားထားလိုက်သေးသည်..။
 

 နာမည်ကြီးလာသည် နှင့်အမျှ အပေါင်းအသင်း များလာသည် ။ ဗိုလ်အောင်ဒင် ရုပ်ရှင်မင်းသား ခင်မောင်ရင် ၊ ဇာတ်မင်းသားရွှေကျီးညို တို့ ဖိုးတုတ်နှင့် တတွဲတွဲ ဖြစ်လာသည် ။ နိုင်ငံရေးလောက မှ အမတ် များနှင့် တစ်စားပွဲတည်း ထိုင်သောက်နိုင်သည် အထိ ဖိုးတုတ် ပါဝါက ကြီးမားခဲ့သည် ။
………………………………….
အချစ်လူကြမ်း ဖိုးတုတ်
…………………………….
လူမိုက် ဆိုတာ ဂျိုနဲ့လား ဆိုသော ဆိုရိုးစကား ရှိပါတယ်… ဖိုးတုတ် က ဂျိုနဲ့ လူမိုက် မဟုတ်ပေမယ့် နှလုံးသား နဲ့ လူမိုက်ပါ……….။
ဖိုးတုတ် နှလုံးသား ကို ညှိငင် ဖမ်းစားထားတာ က လမ်းမတော် သူ တရုတ်ကပြား မသင်းမြ..။
မသင်းမြ က အဖေ မရှိတော့ အမေနဲ့အဒေါ်က လမ်းမတော် (၂၄)လမ်း၊ ကွမ်းတန်းဈေး တွင် ဈေးရောင်း တဲ့ သူတွေ.. ဖိုးတုတ် အမေနဲ့ မသင်းမြ အမေက ဥပုသ်စောင့် ၊ ဘုရားသွား အတူတူ လူရင်းတွေ..။
 

ငွေရေးကြေးရေးတောင့်တင်းပြီး ဖိုးတုတ် အမေ ဒေါ်ချစ်ပု ငွေလို လျှင် မသင်းမြ တို့ မိဘတွေ က ထောက် ပံ့နေကြ။  မသင်းမြ ကို ဖိုးတုတ် ကြိုက်တယ်.. ဒါပေမယ့် ဖွင့်မပြောရဲ ခဲ့… မသင်းမြ ရှေ့ရောက် လျှင်ပင် လူမိုက်ကြီး က ရဲရဲဝံ့ဝံ့ စကားမပြောရဲရှာ ..။
 

ဒါပေမယ့် တပည့် အရင်းတွေ..အပေါင်းအသင်း အရင်းတွေ နဲ့ အတူတူသောက်ကြတဲ့ အရက်ဝိုင်း မှာတော့ ဖိုးတုတ်ကြီး ရဲ့ ရင်တွင်းဝေဒနာတွေ က အန်အန် ထွက်လာ တတ်လို့…. ဖိုးတုတ် ရင်တွင်းက အချစ် ဓာတ်တွေ ကို သူ့ညီ ဘသိန်းနဲ့ တပည့် ရင်းတွေဖြစ်တဲ့ လသာ လူမိုက် စံဘသောင်းရီ (ခေါ်) ဂန္ဒမာ ဆောင်းရင် ၊ ကမ်းနားလမ်း အုန်းဖေ ၊ လွစ်စ်လမ်း ငညွန့် ၊ တာမွေအောင်ဘ ၊ လက်ကောက် ချန်ထွန်း တို့က အူမချေးခါး မကြားချင် မှ အဆုံး သိထားပြီးသား..။
 

မသင်းမြ က ဘာသာ တရားရဲ့ အရိပ်အောက်မှာ ကြီးပြင်း လာခဲ့တဲ့ မိန်းကလေး ပီပီ ဖိုးတုတ်လို နာမည် ကြီး လူမိုက် ကို ဝေးဝေးရှောင် ပါတယ်.. ဒါပေမယ့် မသင်းမြက ဖိုးတုတ်ညီ ကိုဘသိန်း နဲ့တော့ တော်တော် ရင်းနှီးပါတယ်တဲ့……။
ဈေးထဲမှာ မသင်းမြ ကလည်း မဟုတ်မခံ ဇတ်ဇတ်ကြဲ…ဆိုတော့ ဘသိန်း က သူ့အကိုနဲ့ စိတ်ချင်းတူ သဟဲ့ ဆိုပြီး မသင်းမြ ကို သူ့အကို ဖိုးတုတ်နဲ့ ကြိတ် သဘောတူနေပါတယ် ။
 

ဖြစ်ချင်တော့ အဲ့ဒီနေ့က…
မသင်းမြ ဈေးရောင်း တဲ့နေရာကို ဘသိန်း ရောက်လာပြီး ကိုဖိုးတုတ် က မသင်းမြ ကို ချစ်ကြောင်း ကြိုက်ကြောင်း ကို အောင်သွယ်ပြောပါတော့တယ်.. အဲ့ဒီမှာ မသင်းမြက ဘသိန်းကို ခဲနဲ့ကောက်ထု လိုက်ပါလေရောလား…နဖူး အာလူးသီးကြီး ကို အုပ်ပြီး အောင်သွယ်တော် ဘသိန်းက စပ်ဖြဲဖြဲ နဲ့ နောက်ကြောင်းပြန် လှည့်ပြေးလာခဲ့ပါတယ်..။
 

အဲ့ဒီညက လမ်းမတော် ဖိုးတုတ် နှင့် တွဲဖက် ရုပ်ရှင် မင်းသားခင်မောင်ရင် ၊ ဇာတ်မင်းသား ရွှေကျီးညို ၊ ရုပ်ရှင် မင်းသားကျော်စိုး တို့ နန်းသီတာ ဆိပ်ကမ်းက သင်္ဘော တစ်စီးပေါ်မှာ လေညှင်း ခံရင်း အရက်သောက်ခဲ့ရာ မှ အမူးလွန်သွားခဲ့ ပါတယ်..။
 

ခင်မောင်ရင် ကားနဲ့ ဖိုးတုတ် ကို အိမ်အထိ လိုက်ပို့ကြပြီး သူငယ်ချင်းတွေပြန်သွားကြတော့ ဖိုးတုတ် အိပ်ပျော်သွား ပါလေရောလား..။
မနက် မိုးလင်းတော့ အခန်း တံခါးခေါက်သံကြောင့် ဖိုးတုတ် တံခါးကို ဆွဲဖွင့်လိုက်တော့…သူ့ညီ ဘသိန်း နဲ့ တပည့်တွေက မိန်းမ တစ်ယောက်ကို အတင်းဆွဲခေါ်လာပြီး ဖိုးတုတ် အခန်းထဲ အတင်း တွန်းပို့တော့ ပါလေရော..။
 

"ဟေ့ ကောင်တွေ ဒါ ဘာလုပ်တာလဲ"
"အကိုပဲ ညက မသင်းမြ ကို မရရင် သေတော့မယ်ဆို..အဲ့ဒါနဲ့ ကျုပ်တို့ စီမံလာပေးတာ"ဘသိန်း က ပြောပြော ဆိုဆိုနှင့် တံခါးကို ဆွဲပိတ် လိုက်ပြီး အပြင်က သော့ခတ် လိုက်ပါတော့တယ်..။
 

(အမှန်က မင်းသား ခင်မောင်ရင် စနက်ပါ.. ကိုဖိုးတုတ် ကိုလိုက်ပို့ရင်း ကနေ ဖိုးတုတ် ညီနဲ့တပည့် တွေကို မင်းတို့ အကိုတော့ မသင်းမြ ကို မရရင် နန်းသီတာ ဆိပ်က ခုန်ချမယ် လုပ်နေလို့ မူးအောင် တိုက်ပြီးပြန်ခေါ် လာတာ ဆိုပြီး သရုပ်ဆောင်ပြ သွားတာကို တပည့်တွေက အတည် ထင်ပြီး အခုလို လုပ်ပေး လိုက်ကြတာပါ..ပဲ)
 

ဖိုးတုတ် တပည့်တွေ ကို ဒေါသ ထွက်သလို..မသင်းမြ ကို အားနာနေသည် ။ မသင်းမြ က ငိုယိုနေတာမြင် ရတော့ သူ စိတ်မကောင်း.. ပြီးတော့ မသင်းမြ အမေတွေ က သူ့အမေ ရဲ့ ကျေးဇူးရှင်တွေ…. အခုတော့ ဘသိန်း နဲ့ တပည့်တွေကြောင့် အမေ မျက်နှာပျက် ရတော့မည်.. ဖိုးတုတ် ကို ဆဲသည် ။ ဖိုးတုတ်က ရှင်းပြသည် ။
 

တကယ်တော့ ဘသိန်း နှင့်တပည့်များ က မသင်းမြ အိမ်ကနေ ဈေးကို အထွက်မှာ ကားပေါ် တင်ဆွဲလာ ခဲ့ခြင်းတဲ့…..
ရန်ကုန် တစ်မြို့လုံး လွှမ်းမိုးနေသည့် ဖိုးတုတ် ၊ ဒုစရိုက် သမားတိုင်း ဦးညွှတ်ရသော ဖိုးတုတ် ၊ အသက် အရွယ် နှင့် ဥစ္စာပစ္စည်း ရှိသော သူဌေးလေး ဖိုးတုတ် ၊ သေရဲ ၊ သတ်ရဲ ၊ ရိုက်ရဲ လူမိုက်ကြီး ဖိုးတုတ် .. အခုတော့ မသင်းမြ ကို တောင်းပန်စကားတွေ တတွတ်တွတ် ဆိုနေရှာသည်။
 

မသင်းမြ ကလည်း လူမိုက်တွေ ပေါများ လှသည့် ရန်ကုန်မြို့ကြီးတွေ မိန်းမသားတွေ ချည်း ဈေးရောင်း စားနေရ သည့် ဘ၀က မလုံခြုံ.. ဖိုးတုတ်နှင့် ပတ်သက်မိလျှင် မိမိ မိဘအသိုင်းအ၀ိုင်း အားလုံးကို ဘယ်သူ မှ မတို့ရဲ မထိရဲသည့် လုံခြုံမှု ရလာနိုင်သည် ကိုတွေးမိသွားတယ် ထင်ပါရဲ့…။ အဲ့ဒီ အခန်းလေးထဲ မှာ ဖိုးတုတ် လူပျိုဘ၀ တစ်စခန်း သိမ်းသွားတော့သည်။
…………………………………….
ဖိုးတုတ် အတု (သို့) လမ်း(၃၀) ဖိုးတုတ်
…………………….
မင်္ဂလာဆောင် ခါနီး ပျော်ရွှင်နေသော လမ်းမတော် ဖိုးတုတ် ဒေါသ ထွက်နေပါတယ်..။
သားလုပ် သမျှ ချိုသည် ခါးသည် မပြောဖူးသော မိခင်ကြီး ဒေါ်ချစ်ပု က အခု နာနာကြည်းကြည်းနှင့် လာပြော သွားတဲ့ စကားက…..ဖိုးတုတ် ကို ယမ်းပုံ
မီးကျစေပါတော့တယ်။
 

"ဖိုးတုတ် နင် လူမိုက် ရုံတင် မကတော့ဘူး လူလိမ် လူယုတ်မာဖြစ်နေပြီ…. ငါတို့ ဈေးရောင်းစား လာ တာ တစ်သက်လုံး သူတစ်ပါး ပစ္စည်းကိုမလိမ်မညာ ခဲ့ဘူး..နင့် ကျမှ တစ်ဈေး လုံး ဟိုးဟိုးကျော် ကလိမ် ဖိုးတုတ်ဖြစ်နေပါလားဟဲ့"တဲ့ ။
တပည့်တွေ ကို စုံစမ်းခိုင်းကြည့်တော့ ဟုတ်သည် ။
 

သိမ်ကြီးဈေး နဲ့ လသာ တစ်ဝိုက်မှာ ဖိုးတုတ် ဆိုတဲ့ နာမည်နဲ့ ကုန်တွေ မှာပြီးနယ်ပို့ သတဲ့.. ပြီးတော့ ကုန်သည်တွေ ကို ပိုက်ဆံ မရှင်းပဲ ဗြောင်လိမ်သည် ။ ကုန်သည်တွေ ခမျာ လည်း ဖိုးတုတ် ဆိုသည့် နာမည်ကြား သည်နှင့်ပင် သွား မတောင်းရဲတော့ချေ..။
 

ဖိုးတုတ် ဓါးဆွဲပြီး ဆင်းလာခဲ့သည်……………….။ ………..အဲ့ဒီ ဖိုးတုတ် က ဘယ်သူလဲ ။ ကြာကြာ မစုံစမ်းရ..လမ်းမတော် ဖိုးတုတ်တော့ မဟုတ် လမ်း(၃၀) ဖိုးတုတ် တဲ့ ပွဲစား ဖိုးတုတ်လို့လဲ ခေါ်သတဲ့..။
လမ်းမတော် ဖိုးတုတ်…..လမ်း(၃၀) ဖိုးတုတ်ကြောင့် ဒေါသထွက်ရပြီ..။
မကြာမီ……..ဖိုးတုတ် တပည့်တွေ လက်ထဲမှာ ယက်ကန်ယက်ကန် နဲ့ မူးနေတဲ့ လူတစ်ယောက် ပါလာ ပါတော့တယ်..။
 

လမ်းမတော် ဖိုးတုတ်ကို အထင်သေး သည့် အမူအယာဖြင့် လမ်း(၃၀) ဖိုးတုတ်က ကြည့်လိုက်သည်။
"ခင်ဗျား..ဘယ်သူလဲ..ကျုပ်ကို ဘယ်သူမှတ် လို့ ဒီလိုခေါ်လာတာလဲ ..သေချင်လို့လား"
လမ်း(၃၀) က ဟောက်သည်..လမ်းမတော် က ရယ်သည်.။
 

"ကျုပ်နာမည် ဖိုးတုတ်ဗျ..ဖိုးတုတ်..ခင်ဗျားကြားဖူးတယ် မှတ်လား"လမ်း(၃၀) က ထပ်ဟောက်သည်။
"အေး မင်းက ဖိုးတုတ် ဆို ရော့.."
လမ်းမတော် ဖိုးတုတ်ကိုင်နေကျ မူလီခေါင်းတပ် ကြိမ်လုံးက လမ်း(၃၀) ဖိုးတုတ် မျက်နှာပေါ် ကန့်လန့်ဖြတ် ကျသွားသည် ။
 

လမ်း(၃၀) ဖိုးတုတ်ခွေသွားသည်..။
"ခင်ဗျား ဘယ်သူလဲ..ကျုပ် အကြောင်း မသိသေးဘူး ထင်တယ်"
"အေး..မင်း ငါ့ကို သိက္ခာချ တယ်..လူလိမ်..ခွေး"
"ကျုပ် အလုပ်ကျုပ် လုပ်တာ ခင်ဗျားကို ဘာသိက္ခာ ချနေလို့လဲ"
လမ်း(၃၀) ဖိုးတုတ်ကလည်း…….ပြန် ခံပက်သည် ။
"မအေ -ိုး………..ငါ လမ်းမတော် ဖိုးတုတ် ကွ"
 

ဒီတော့မှ လမ်း(၃၀) ဖိုးတုတ် ခေါင်းနပန်းကြီး သွားပါတော့တယ်……သွားပြီ သူ့ဘ၀..။
"မင်းလိမ် ထားတာတွေ (၃)ရက် အတွင်း ပြန်ပေး..မပေးရင်………………"
လမ်းမတော် ဖိုးတုတ် စကားမဆုံးလိုက် သလို လမ်း(၃၀) ဖိုးတုတ်လည်း စကားပြောခွင့် မရလိုက်ပါ.. မူလီခေါင်း တပ်ကြိမ်လုံးက လမ်း(၃၀) ဖိုးတုတ်ခေါင်းပေါ် အချက်ပေါင်းများစွာ ကျရောက်လာပါတော့ တယ်…………။
 

(၃)ရက်မြောက်နေ့ တွင် လမ်း(၃၀) ဖိုးတုတ် သည် သူ့အိမ် ကိုရောင်းချပြီး အကြွေးများ ချေသွားပါတော့ တယ်……….။
…………………………………….
ဖိုးတုတ်ကို နိုင်တဲ့သူ ပေါ်ပြီ
………………………………………….
လမ်းမတော် ဖိုးတုတ်.. မသင်းမြ နဲ့ မင်္ဂလာဆောင် အပြီးမှာတော့ ဖိုးတုတ် ကို နိုင်တဲ့သူ ပေါ်လာခဲ့ပါပြီ။
ဟုတ်ပါတယ်………..သူကတော့ ဖိုးတုတ် ရဲ့ ချစ်လှစွာသော ဇနီး မသင်းမြ ပါပဲ..။ အိမ်ပေါ် တွင် အရင်လို တပည့်တွေ ဘော်ဒါတွေ နှင့် အရက်ဝိုင်းဖွဲ့ မသောက်ရ ။
တစ်ခြားမိန်းမတွေ မခေါ်တင်ရ..။
ဝက်သား မစားရ..။
 

လူမိုက်ကြီး လမ်းမတော် ဖိုးတုတ် ဒီဥပဒေတွေ ကို နာခံရသည်……..။
လမ်းမတော် ဖိုးတုတ်ကို ပြောချင်ဆိုချင် သည့် ကိစ္စများ အတွက် မသင်းမြ ကို သွားကပ်ရတဲ့ သူတွေ တောင် ရှိ လာပါတော့တယ်…….။
တစ်ခါတော့ လမ်းမတော် ဖိုးတုတ် နှင့် လမ်းမတော် အက်စပက်တော် (၁)ဦး တို့ လသာလမ်းရှိ တရုတ် ထမင်းဆိုင် တစ်ခုတွင် သွားစားကြပါတယ်…။
ဖိုးတုတ်တို့ က ဟင်းရည် ထပ်တောင်းသည့် အခါ ဆိုင်ရှင်နှင့် စကားများကြ ပါတယ်.. ဆိုင်ရှင် တရုတ် ကလည်း လမ်းမတော် ဖိုးတုတ်မှန်း မသိပါဘူး..။
 

လမ်းမတော် ဖိုးတုတ်က ငွေရှင်း ဖို့ တရုတ် ထမင်းဆိုင်ရှင် ရှိရာ ကောင်တာ ကို လှမ်းခေါ်တဲ့ အခါ ဆိုင်ပိုင်ရှင် တရုတ်က အလုပ်သမားရှိ တယ် ငါ ဆိုင်ရှင်ကွ..မင်း ဘာကောင်လဲ ဆိုပြီး ရင့်ရင့် သီးသီး ပြော လာပါတော့တယ်…
 

ဖိုးတုတ်က ကောင်တာ ကို ထသွားပြီး ဆိုင်ရှင် မျက်နှာကို လက်သီး နဲ့ထိုးလိုက်ပါတယ်…. အဲ့ဒီမှာ ဆိုင်ရှင် တရုတ် ကလည်း တုတ်နှင့် ရိုက်ရန် ပြေးထွက် လာပါတော့တယ်..။
ဖိုးတုတ် က ခါးကြား က ဓါးကို ထုတ်လိုက်ပေမယ့်..အတူ ပါလာတဲ့ ပုလိပ် အရာရှိက ဆွဲခေါ်သွားလို့ လှည့်ပြန် ခဲ့ရပါတယ်..။
 

ဆိုင်ပိုင်ရှင် လည်း နောက်ပိုင်း မှ လမ်းမတော် ဖိုးတုတ်မှန်းသိလို့ တော်တော် ထိတ်လန့်သွားပါတယ်..။
ဒါပေမယ့် နောက်ကျသွားပါပြီ……….။
သူတို့ဆရာကို မလေးမစား လုပ်ရကောင်းလား ဆိုပြီး ဒီကိစ္စကို သိသွားတဲ့ ဖိုးတုတ် တပည့်တွေ က ဒေါသူပုန် ထကြပါတယ်……..။
အထူး သဖြင့် လသာ လူမိုက် စံဘသောင်းရီ (ခေါ်) ဂန္ဒမာ ဆောင်းရင် ပါ။
 

သူ့နယ်မြေ ထဲမှာ သူ့ဆရာ ဖိုးတုတ်ကို မလေးမစား လုပ်ခံရသည် ဆိုကတည်းက သောင်းရီ ဒေါသ အလိပ် လိုက် ထွက်လာ ပါတော့တယ်.. ပြီးတော့ ကိုဖိုးတုတ် သူ့ကို ညိုးမည်ကို သူကြောက်သည် ။
ဒီတော့ နောက်တစ်နေ့ မှာပဲ စံဘသောင်းရီ တို့အုပ်စု တရုတ် ထမင်းဆိုင်ကို ၀င်ရောက် ဖျက်ဆီး ပါတော့တယ် ။ ဆိုင်ပိုင်ရှင် တရုတ်ကို လည်း ကြေးအိုးပြုတ်သည့် အိုးထဲ လက်ထည့်နှစ်သည့် အထိ လုပ်ခဲ့ကြ သည်……………လူမိုက်တို့ ၏ နှိပ်စက်မှုကြောင့် ဆိုင်ရှင် တရုတ် ရန်ကုန်ဆေးရုံ တင်လိုက်ရ ပါတော့တယ်…….။
 

အင်္ဂလိပ် အစိုးရပိုင်း အထိပေါက်နေသော ဆိုင်ရှင် တရုတ်၏ ဆွေမျိုး များက ဖိုးတုတ် ၏ ဇနီး မသင်းမြ ထံ လာရောက်ပြီး ဖိုးတုတ် အား ကူညီ ထိန်းသိမ်းပေးရန် လာရောက် အသနားခံသွားကြ ပါတယ်..။
မသင်းမြ နှင့် ဖိုးတုတ်ရန်ဖြစ်ကြသည်……..။
နောက်ဆုံး ကွဲမည် ကွာမည် အထိဖြစ်လာတော့……………ဖိုးတုတ် ညီ ဖူးစာရှင် ဘသိန်းက ဖိုးတုတ် လေးစား ရတဲ့ ငယ်ဆရာကြီး များဖြစ်တဲ့ ဦးဆင် ၊ ဦးသင် ၊ ဦးအောင်ဒွန်း ၊ လမ်းမတော် ဘုံကျောင်း ဆရာ ဘောမျိုးရှူး တို့ကို သွားခေါ်ရပါတော့တယ်……။
 

လူကြီးတွေ ဆုံးမတော့ ဖိုးတုတ် နာခံရှာသည်..အထူး သဖြင့် လူမိုက် မယား သောကများ ဆိုသည့် စကား ကို ဖိုးတုတ် နာခဲ့သည်….။
မသင်းမြ ကို တောင်းပန်တော့ မသင်းမြ က လမ်းမတော် ဖိုးတုတ်ကို ဘာသာရေး ကိစ္စဘက် အားစိုက်ရန် တိုက်တွန်းတော့ သည်..။
လူမိုက်ကြီး ဖိုးတုတ် ကျွတ်တန်း ၀င်မည်လား……….။
…………………………………………
ကုလား - ဗမာ ရိုက်ပွဲ
……………………………..
၁၉၃၈ ခုနှစ်………
ရန်ကုန် ဆိပ်ကမ်းရှိ မြန်မာပြည် အခြေချ ကုလားနိုင်ငံရေး သမားများက မြှောက်ပင့်ပေးကြ သဖြင့်
အိန္ဒိယ ကူလီများ လုပ်ခ တိုးပေးရေး သပိတ်မှောက်ကြသည် ။
ထိုခေတ် က ရန်ကုန် ဆိပ်ကမ်း တွင် ဗမာလူမျိုး ကူလီများ အလုပ်လုပ်ခွင့် မရကြ ။ ကူလီခေါင်း နာရရမ်းဆင် ဆိုသည့် ကုလားက ဆိပ်ကမ်း အာဏာပိုင် များနှင့်ပေါင်းပြီး ကြီးစိုးထား ပါတယ်..။
 

အိန္ဒိယကူလီတွေ သပိတ်မှောက်လိုက်တဲ့ အတွက် ရန်ကုန် ဆိပ်ကမ်း လုပ်ငန်းရှင်တွေ အတွက် အကြီး အကျယ် ဂယက်ရိုက်စရာဖြစ်လာ ပါတော့တယ်…..။
နဂို ကတည်းက နရရမ်းဆင် ကို အငြိတိုက်ဖို့ကြံရွယ်ထား တဲ့ ဖိုးတုတ် အတွက်တော့ အခွင့်အရေး ဖြစ်လာခဲ့ပါတော့တယ်…။
 

လမ်းမတော် ဖိုးတုတ် က သူ့တပည့်တွေ ကို စုဝေးပြီး ရန်ကုန်မြို့ ထဲ ကူလီ လုပ်ချင်တဲ့ မြန်မာလူမျိုး အလုပ်လက်မဲ့တွေ ကို စုဝေးစေခဲ့ပါတယ်..။
ပြီးတော့ ဆိပ်ကမ်းအာဏာပိုင် နဲ့သွားရောက်တွေ့ဆုံပြီး သပိတ်မှောက်နေ တဲ့ ကုလား ကူလီတွေ အစား ဗမာ ကူလီတွေက အလုပ်ဝင်နိုင်ကြောင်း သွားရောက် ညှိနှိုင်းပါတော့တယ်…..။
 

ဆိပ်ကမ်း အာဏာပိုင်တွေ နဲ့ ကုန်သည်ကြီးတွေ က ၀မ်းသာ အားရ သဘောတူပြီး ဗမာ ကူလီတွေကို ချက်ချင်း အလုပ်ဆင်းခိုင်း ပါတော့တယ်…။
ဒီလိုနဲ့ ကြာကြာ မနေနိုင်တော့တဲ့ ကုလား ကူလီတွေ က သပိတ်လှန်ပြီး လုပ်ငန်းပြန်ဝင် တဲ့ အခါ ဗမာ ကူလီတွေ နဲ့ ထိပ်တိုက်တွေ့ပါတော့တယ်…။
 

အဲ့ဒီ ဂယက်က စပြီး မြန်မာပြည် အနှံ့ ကုလား - ဗမာ ရိုက်ပွဲတွေ ဖြစ်ကုန် ပါတော့တယ်..။
အလုပ်ရဖို့ ကူညီပေး ခဲ့တဲ့ လမ်းမတော်ဖိုးတုတ် ကို ဗမာ ကူလီတွေက တစ်နေ့ကို ငွေ(၃၀၀) ကျပ်နေ့စဉ် ပေးနေရတဲ့ အချိန်ပါ……….။
ဖိုးတုတ်နဲ့ သူ့တပည့် လူမိုက်တွေ ကုလား - ဗမာ အဓိကရုဏ်းထဲ ပါဝင်လာတဲ့ အခါ အထူးသဖြင့် ရန်ကုန်ဆိပ်ကမ်း တ၀ိုက်က ဂေါ်ရင်ဂျီ ကုလားများ အထိနာ ကုန်ပါတော့တယ်..။
 

ဒီတော့မှ အစိုးရက လည်း အဓိကရုဏ်း ကို ၀င်ရောက်နှိမ်နင်း ရပါတော့တယ်
လမ်းမတော် ဖိုးတုတ်နှင့် အစိုးရက ပါ အဓိကရုဏ်းထဲ ပါပြီဆိုတော့ အားလုံးငြိမ်ကျ သွားတော့သည်……..။
ဒီလိုနဲ့ အဲ့ဒီ အချိန်က စလို့ အစိုးရ အဖွဲ့နိုင်ငံရေးသမားတွေ အတွက် ဖိုးတုတ် ဟာ လျော့တွက်လို့မရ တဲ့ အင်အားစု တစ်ခုမှန်း သိသွားကြပါတော့တယ်..။
……………………………..
ဘုရားဒကာဖိုးတုတ်
………………………..
ကုလား - ဗမာ အဓိကရုဏ်းပြီးတဲ့နောက် မသင်းမြ ကို ကတိပေးခဲ့တဲ့ အတိုင်း ဖိုးတုတ် ဘာသာရေး လုပ်ပါပြီတဲ့………
ရန်ကုန်မြို့ အရှေ့ ရွှေဂုံတိုင် က မွန်ဘုန်းကြီးကျောင်း တစ်ကျောင်းမှာ ဦးဖိုးတုတ် မသင်းမြ တို့ ရေတွင်း တစ်တွင်း လှူပါတယ်..
သရက်တောကျောင်းဝင်းကြီး ထဲ ဇရပ် တစ်ဆောင်ေ၇စက်ချ လှူရင်း ဖိုးတုတ်နှင့် တပည့်များက ရဟန်းခံ ကြပါတယ်..။
 

အဲ့ဒီနောက်တော့ လပြည့် လကွယ် နံနက်တိုင်း ဆွမ်းခံကြွ သည့် သံဃာတော်များ ကို ဆွမ်းလောင်းနေ သည့် ဖိုးတုတ် တို့ ဇနီးမောင်နှံ ကို မြင်ရပါတော့တယ်……..။
သံဃာတွေ ကို ဆွမ်းလောင်းပြီး မိခင်နှင့် ယောက္ခမ အိမ်ကို ဖိုးတုတ်နှင့် တပည့်တွေက ဟင်းသွားပို့လေ့ ရှိသည် ။
 

"င့ါသမက် က လူမိုက် မဟုတ်ဘူး လူလိမ္မာလေး…."မသင်းမြ အမေ အမြဲပြော သည့် စကား။
သူ့ယောက္ခမပြော သည့် လူလိမ္မာလေး ဖိုးတုတ် က  တစ်လ ကို သံဃာ အပါး (၅၀) ကို ဆွမ်းကပ်.. တစ်လ လျှင် တစ်ကြိမ် ဘုရားကိုး ဆူ ပင့် ပြီး ပူဇော်သည်………..
ဒီလို ဆိုတော့ ဘုရားဒကာ လူမိုက်လေလား……….။
………………………………………………
မစ္စတာစကော့ဘရောင်းနှင့် See You Next Time
………………………………………………………..
ကုလား - ဗမာ အရေး အခင်းပြီး ခါစ ၁၉၃၈ နှောင်းပိုင်း မှာ သာယာဝတီ ဒီစတြိတ် မှ နာမည်ကျော် ရာဇ၀တ် ၀န် (ယခုခေတ် ခရိုင်ရဲမှူး အဆင့်) ရှိ အင်ဂလိုအိုင်းရစ် လူမျိုး မစ္စတာစကော့ဘရောင်း သည် ရန်ကုန် အနောက်ပိုင်း ရာဇ၀တ်ဝန် အဖြစ် ပြောင်းရွေ့လာပါတော့တယ်…။
 

ဘရောင်း သခင် လို့ ခေါ်ကြ တဲ့ ရာဇ၀တ်ဝန် ဟာ အင်မတန် မှ လူဆိုး လူမိုက်ပေါများခဲ့တဲ့ သာယာဝတီ ဒီစတြိတ် မှာ အရက်စက်ဆုံး လို့ နာမည်ကြီးခဲ့သူပါ..။
ဆရာစံ အရေးအခင်း ကာလ ဖားရွှေကျော် တိုက်ပွဲအပြီးမှာ လယ် သမားခေါင်းတွေ ကို ကိုယ်တိုင်ဖြတ်ခဲ့ သူလို့လည်း ကျော်ဇောပါတယ်..။
 

တစ်ည မှာတော့ ရာဇ၀တ် ၀န် မစ္စတာဘရောင်းနှင့် လမ်းမတော် ဌာနအုပ် ကိုခင်မောင် တို့ လမ်းမတော်မြို့နယ် အတွင်း နယ်မြေ အခြေအနေ လှည့်လည်ကြည့်ရှုနေချိန် ..ဖိုးတုတ်တို့ အဖွဲ့နဲ့ တိုးပါတော့တယ်..။
ကုလားဗမာ အရေးအခင်းပြီး ခါစဖြစ်သည့် အတွက် လမ်းမတော် ရပ်ကွက်ငြိမ်ဝပ်ရေး အတွက် ဖိုးတုတ် နဲ့ သူတပည့်တွေ က ဘုန်းကြီးလမ်းထိပ် မှာ ကြက်ကာလသား ဟင်းချက် အရက်ဝိုင်းဖွဲ့ရင်း ကင်းစောင့်ပေးနေ ကြပါတယ်..။
 

မစ္စတာဘရောင်း က ကားကို ရပ်လိုက်ပြီး အချိန်မတော် ဘာတွေ လုပ်နေတာလဲ လို့ မေးပါတယ်..။
ဖိုးတုတ် က ကင်းစောင့်ပေးနေတာဖြစ်ကြောင်းပြန်ဖြေတော့.. ဒါ နင်တို့အလုပ် မဟုတ်ဘူး ငါတို့အလုပ် ဟု ပြောဆိုပြီး ကင်းသမားတွေ ချက်စားနေ တဲ့ ဟင်းအိုး ထမင်း ပန်းကန်တွေ ကို ဆောင့်ကန် သွားပါ တော့တယ်……….။
 

 ပြီးတော့ ဖိုးတုတ် ရင်ဘတ် ကို စောင့်ဆွဲပြီး "See You Next Time"နောက် တစ်ကြိမ်ပြန် ဆုံမယ် လို့ ပြောသွား ပါတော့တယ်.။
လမ်းမတော် ဌာနအုပ် ကိုခင်မောင်က တော့ လမ်းမတော် ဖိုးတုတ်နဲ့ ရင်းနှီးသူဖြစ်တဲ့ အတွက် အားနာ နေရှာပါတယ်………။
 

နောက် (၅)ရက်ခန့် အကြာမှာတော့………..။
တာမွေမြင်းပြိုင်ကွင်း အတွင်း သို့ ကားအနက် တစ်စီး ထိုးဝင်လာသည် ။ အချိန်ကား ည(၁၀)နာရီ ။
ကားပေါ်တွင်တော့ အရပ်(၅)ပေ၊ (၁၀)လက်မ ခန့်ရှိ အနောက်ပိုင်း ရာဇ၀တ်ဝန် မစ္စတာ စကော့ဘရောင်း နှင့် ပုလိပ်သား(၂)ယောက် ၊ ပုလိပ်သား(၂)ယောက်ကြား မှာ လမ်းမတော် ဖိုးတုတ် ပါလာ ပါတော့တယ် ….။
 

ကားကို ထိုးရပ်လိုက် သည်နှင့် မစ္စတာ ဘရောင်းက လမ်းမတော် ဖိုးတုတ်ကို ကားပေါ်မှ ဆွဲချပြီး အဆဲ မျိုးစုံ ဆဲ ကာ ထိုးကြိတ် ကန်ကြောက်ပါတော့တယ်..။
အတူ ပါလာတဲ့ ဌာနအုပ် ကိုခင်မောင်နဲ့ ပုလိပ်သား(၂)ယောက်က လမ်းမတော် ဖိုးတုတ်အကြောင်း သိသဖြင့် ဘာမှ ၀င်မလုပ်ရဲကြ..။
 

မစ္စတာ ဘရောင်း လုပ်သမျှ ဖိုးတုတ် က ခံနေသည်..လဲကျ သွားသော ဖိုးတုတ် အပေါ်မှ တက်ခွကာ ဖိုးတုတ် ၏ နှုတ်ခမ်းမွှေးများ ကို ဆွဲနုတ်ရာ ဖိုးတုတ် နှုတ်ခမ်းမှ သွေးများ ပါ ထွက်လာ ပါတော့တယ်..။
ဖိုးတုတ် နှင့်ခင်မင်သူ ဌာနအုပ် ကိုခင်မောင် က ဒီကိစ္စကို လုံးဝ မကျေနပ်..ဒါပေမယ့် အထက် အရာရှိ မျက်နှာဖြူဖြစ်နေပြန်တော့.. စိတ်မကောင်းရုံ မှ တပါး ဘာမှ မတတ်နိုင်..။
 

(၃)ရက်ခန့် အကြာမှတော့……….
ည(၉)နာရီ ခန့် ဘုရင်ခံ အိမ်တော်မှ ကင်း စစ်ဆေးပြီး (၆)မိုင် ရှိနေအိမ်သို့ ပြန်လာသည့် ရာဇ၀တ်ဝန် မစ္စတာဘရောင်း ၏ ကားရှေ့တွင် လူ(၃)ယောက် က ပိတ်ရပ် လိုက်ကြသည်။
မစ္စတာ ဘရောင်း က ကားပေါ်က ဆင်း ရန်ပြင်လိုက်စဉ် တွင်ပင် လူ(၃)ယောက်က ဇာဝီတုတ် များဖြင့် ၀ိုင်းရိုက်ကြ ပါတော့တယ်………..
 

သွေး အလူးလူးဖြစ်နေ တဲ့ မစ္စတာဘရောင်း လမ်းမပေါ်မှာပဲ သတိလစ် သွားပါတော့တယ်..။
မစ္စတာ ဘရောင်းကိစ္စ တွင် ပုလိပ်ဌာန မှ လမ်းမတော် ဖိုးတုတ် ကိုခေါ်ယူ စစ်ဆေးခဲ့သော် လည်း ထိုည တွင် ဖိုးတုတ် သည် လမ်းမတော်မြို့နယ် အမတ်တစ်ဦး နှင့်အတူ ကမ်းနားလမ်း တွင် ရှိနေကြောင်း အလီ ဘိုင် ပြနိုင်ခဲ့သည်။
 

အဆိုပါပြသနာဖြစ်ပွားပြီး သိပ်မကြာခင်မှာပဲ မစ္စတာ ဘရောင်း ယောနယ် သို့ ပြောင်းရွေ့ သွားရ ပါ တော့တယ်……..။
ရန်ကုန် လူမိုက်လောက မှာတော့ ဖိုးတုတ် ဟာ ပြည်ထဲရေး အတွင်းဝန် အထိ ပေါက်ရောက်တယ်လို့ သတင်းကြီး ကျန်ခဲ့လေရဲ့……..။
……………………………..
ဖိုးတုတ်နှင့် လွတ်လပ်ရေး အတွက် တစ်ထောင့် တစ်နေရာ
………………………………………………………..
ဖိုးတုတ် အမ၀မ်းကွဲ မမြရီ က သတင်းစကား တစ်ခုပါးလာပါတယ်………
သခင်အောင်ဆန်း တို့ ဂျပန်ပြည် မှာ စစ်ပညာ သင်ပြီး ပြန်အလာ ယိုးဒယားမှာ စရိတ်ပြတ်ပြီး ၀မ်းတွေ လျောနေကြတယ်.. မကြာခင် ဗမာလွတ်လပ်ရေး တပ်မတော်ဖွဲ့မယ်.. အဲ့ဒီအတွက် ငွေလိုနေတယ်.. တို့ဗမာအစည်းအရုံး က သခင်တွေ မမြရီ တို့အိမ်မှာ အလှူခံရင်း လာတည်းနေတယ် တဲ့…။
 

ဖိုးတုတ် ချက်ချင်း ပဲ မမြရီ တို့အိမ် လိုက်ရင်း သခင်တွေ နှင့်တွေ့ပြီး ငွေ(၅၀၀၀) လှူလိုက်သည်.. ထိုခေတ် က ငွေ(၅၀၀၀) က အမတ်တစ်ဦး ၏ လစာနှင့် ညီမျှသည်..။
နောက်ထပ် လည်း ရံပုံငွေ လိုအပ်ပါက မမြရီက တဆင့် ဆက်သွယ် ဖို့ သခင်တွေ ကို အထပ်ထပ် မှာ ခဲ့ပါတယ်…။
တကယ်လည်း ငွေကြေးတွေလှူဒါန်းခဲ့ ပါတယ်……။
  တို့ဗမာအစည်းအရုံး အတွက် ရဲဘော်(၃)ကျိပ် အတွက် ငွေသောင်း ဂဏန်းအထိ လှူဒါန်းခဲ့သည့် သူမှာ နာမည်ကျော် လူမိုက်ကြီး လမ်းမတော် ဖိုးတုတ် ဆိုတာ သိရတဲ့ အခါမှာတော့ ပါးစပ် အဟောင်သား ကျန်ခဲ့ပါတော့တယ်……..။
………………………………………..
ဖိုးတုတ် နှင့် လူမှားတဲ့ ဓါး
………………………………….
လမ်းမတော် ဖိုးတုတ် ထက် စီနီယာ ကျခဲ့ပေမယ့် နောက်ပိုင်း လမ်းမတော် ဖိုးတုတ် ရဲ့ တပည့် ဖြစ်ခဲ့ ရတဲ့ ကြည်မြင်တိုင် လူမိုက် ကြက်ကျား အသတ် ခံရပါတယ်…  ကြည်မြင့်တိုင် စက်ဆန်းရက်ကွက် က ပြည့် တန်ဆာ အိမ်တစ်ခု မှာ ဖိုးတုတ်ရဲ့ အချစ်ဆုံး တပည့်တွေ ထဲပါတဲ့ ကမ်းနားလမ်း ငညွန့် အသတ် ခံရပါတယ်…
 

ပုလိပ်က တရားခံ စုံစမ်းဆဲ မှာပဲ ဖိုးတုတ် တပည့်တွေ ဆီက သတ်တဲ့ သူကို စုံစမ်းလို့ရလာပါတယ်..
ကြက်ကျား ကိုရော ငညွန့်ကို ပါ သတ်တာ က ကြည်မြင့်တိုင်ကမ်းနား က နောက်ပေါက် ကုလား လူမိုက် ဂန်ဂယား ပါ….
ဖိုးတုတ် တပည့်တွေ ကို ရွေးသတ် ခဲ့တဲ့ ဂန်ဂယား ဟာ ဖိုးတုတ် ကို စိန်ခေါ်တာပါပဲ…။
 

ဒီတစ်ခေါက်တော့ ဖိုးတုတ် ဂန်ဂယားနေ တဲ့ စ က်ဆန်း ရပ်ကွက်ထဲကို ဓါးရှည် တစ်လက် ခါးကြားထိုးပြီး ၀င်သွား ပါတယ်………
ဖိုးတုတ် ရဲ့ လက်စွဲ လသာ လူမိုက် ဂန္ဒမာ ဆောင်းရင် ကတော့ ဖိုးတုတ် ရဲ့ မလှမ်းမကမ်း ကနေ ဓါးရှည် တစ်လက် လွယ်ပြီး ပါလာပါတယ်..။
ဂန်ဂယားနေ တဲ့ ကြည်မြင့်တိုင် စက်ဆန်းထဲက ပြည့်တန်ဆာတွေ ရှိတဲ့ ဂိုထောင် တွေရှေ့မှာ ဖိုးတုတ် ရပ်ပြီး ဂန်ဂရားကို မေးပါတယ်……….။
 

ဂန်ဂရား ရှိနေတဲ့ ဂိုထောင် အပြင် ကနေ ဖိုးတုတ် စိန်ခေါ် ထုတ်ပါတော့တယ်…။
ဂိုထောင် က မှောင်မဲနေတဲ့ အတွက် ခေါ်ထုတ် ရခြင်းပါ……….။
ဂန္ဒမာဆောင်းရင် ကလည်း ဖိုးတုတ်ဘေး မှာရပ်နေပါတယ်……..။
ရုတ်တရက် ဂိုထောင်အမှောင်ထဲ ကနေ တစ်စုံ တစ်ယောက်ပြေးထွက် လာတာ နဲ့ ဖိုးတုတ် က ဂန်ဂယား အမှတ်နဲ့ (၂)ချက် တိတိ ပိုင်းချလိုက်ပါတယ်………
 

နောက်ထပ် တစ်ယောက်ထပ်ထွက် အလာမှာ ဂန္ဒမာဆောင်းရင် က ထပ်ပိုင်း ချလိုက်ပါတယ်..
နှစ်ယောက် လုံး ညည်းသံ သဲ့သဲ့ကြားပြီး အသက် ထွက်သွားတော့မှ နောက်က ပါလာတဲ့ ဖိုးတုတ် တပည့်တွေ က အလောင်းဖျောက် ဖို့ရောက်လာကြပါတော့တယ်…
ဓာတ်မီးခြစ် အလင်းရောင်အောက် မှာ ကြည့်တော့မှ ဖိုးတုတ်ပိုင်းချလိုက် တာ ကုလားမလေး တစ်ယောက်ပါ………..ဆောင်းရင် လက်ချက် မိသွားတာ ကမှ ဂန်ဂယားပါ..။
 

တပည့်တွေ ပြောတော့ မှ ကြည်မြင့်တိုင် ကမ်းနား မှာကြင်လည်နေ တဲ့ ရှာမီဒါ ဆိုတဲ့ ဘင်္ဂါလီ ပြည့်တန်ဆာ မလေး တစ်ယောက်မှန်း ဖိုးတုတ် သိလိုက်ရပါတယ်……။
အသင့် ပါလာတဲ့ ဂုန်နီအိတ် ထဲ အလောင်းတွေ နဲ့အတူ မော်တော်ကား အင်ဂျင်တုံး အစုတ်ကြီး တစ်ခုကို ထည့်ပြီး ဖိုးတုတ် တပည့်တွေ က ရန်ကုန်မြစ် ထဲ ပစ်ချလိုက်ပါတော့တယ်…..။
အဲ့ဒီ ရှာမီဒါ ဟာ ဖိုးတုတ် ကို နောက်ဆုံး ထွက်သက် အထိ ဒုက္ခလိုက်ပေးခဲ့မယ် မှန်း ဖိုးတုတ် သိခဲ့လျှင်ဖြင့်………………………………..
………………………………………….
ဖိုးတုတ် နှင့် အချုပ်
…………………………..
အမည် - ဖိုးတုတ်
မိဘအမည် - ဦစံညိမ် ၊ ဒေါ်ချစ်ပု
မွေးသက္ကရာဇ် - မြန်မာသက္ကရာဇ် ၁၂၅၁ ခုနှစ်
မွေးရာဇာတိ - ဟံသာဝတီ ဒီစတြိတ် ၊ ကမာစဲကျေးရွာ
မွေးချင်း - (၅)ယောက် ၊ဘိုးသီ(အကို)၊ မမကြီး(အစ်မ)၊မမလေး(အစ်မ)၊ ဘသိန်း(ညီ)
အလုပ်အကိုင် - ဦးလေးဖြစ်သူ ဦးဘိုးသင် ထံ ကားစပါယ်ရာ လုပ်ခဲ့ဖူး ၊ အငြိမ့် ကားမောင်းလုပ်ခဲ့ဖူး၊
ဗဟန်းဂါတ် အတွင်း ဌာနအုပ် ဦးစံထွန်းရင် ၊ လသာလမ်း ဌာနအုပ် မစ္စတာဗောဘရေး တို့မှ ဖိုးတုတ် ၏ ကိုယ်ရေးမှတ်တမ်း အား စစ်ဆေးနေ ခြင်းဖြစ်ပါတယ်…။
 

ဖိုးတုတ် အချုပ်ထဲရောက်ပါပြီ…………အမှုက လူသတ်မှု………..သေဆုံး သူက ဖိုးတုတ်နဲ့ အရင်းနှီးဆုံး ပုလိပ် အင်စပက်တော် ဦးဟုတ်ဂွမ်း……………။
အဲ့ဒီ ညက လမ်းမတော် ဖိုးတုတ် ၊ ကမ်းနားလမ်း အုန်းဖေ ၊ ထွန်းတင် တို့ လမ်းမတော် အရက်ဆိုင်တွင် ဇာတ်မင်းသားရွှေကျီးညို နှင့် ချိန်းထား သဖြင့် အရက် ထိုင်သောက်နေကြပါတယ်.. အချိန်တန် လို့ ရွှေကျီးညို က ရောက်မလာတဲ့ အခါ အနားက အငှားကား တစ်စီးကို ဖိုးတုတ် ကိုယ်တိုင် မောင်းပြီး ရွှေကျီးညို အိမ်ကို လိုက်သွားကြပါတယ်..
 

မြေနီကုန်း အရောက်မှာ ပုလိပ် အင်စပက်တော် ဦးဟုတ်ဂွမ်း ကို တွေ့တာနဲ့ အတူတူ အရက်သောက် ခဲ့ကြပါတယ်…
နောက်တော့ လမ်းမတော် ဖိုးတုတ်တို့(၃)ယောက် နဲ့ ဦးဟုတ်ဂွမ် တို့ ကားဖြင့် မြို့ပတ်ကြပါတယ်..။
ရွှေဂုံတိုင်လမ်းနား အရောက်မှာ ဦးဟုတ်ဂွမ် က အုန်းဖေ နဲ့ ထွန်းတင်ကို ဘားလမ်း လုယက်မှုတစ်ခုမှာ ပါသည် ဟု စွပ်စွဲရာ က စကားများ ပါတော့တယ်… ဦးဟုတ်ဂွမ် က အုန်းဖေ ကို ဆဲ ဆိုတဲ့ အခါ အုန်းဖေက ရင်ဝကို ဓါးနဲ့ထိုးစိုက်လိုက် ပါတယ်…………
 

ကားမောင်းနေတဲ့ လမ်းမတော် ဖိုးတုတ်က တားပေမယ့် လည်းနောက်ကျ သွားပါပြီ..
ဒါနဲ့ ဖိုးတုတ် လည်း သွေးထွက် လွန်ပြီး ဆန့်ငင်ဆန့်ငင်ဝေဒနာ ခံစားနေတဲ့ ဦးဟုတ်ဂွမ်ကို ကားပေါ်က ဆွဲချပြီး အနီး အနား လန်ခြား အပျက်တစီးမှ ၀င်ရိုးကို ယူပြီး အဆုံး စီရင်လိုက်ပါတော့တယ်..
ထိုခေတ် က ရွှေဂုံတိုင် က လူနေအိမ်ခြေ သိပ်မရှိသေး…… ဦးဟုတ်ဂွမ် အလောင်းကို ..ခြုံထဲပစ်ထား ခဲ့လိုက်သည်..။
 

လမ်းမတော် ဖိုးတုတ် ၊ အုန်းဖေ နဲ့ ထွန်းတင် တို့ အဖမ်းခံရသည်။
လမ်းမတော်ဖိုးတုတ် က ရှေ့နေကြီး ဦးကျော်ဇံ ကို ငှားရမ်းထားခဲ့ပါတယ်… တရားခွင် မှာ အုန်းဖေ က ဖြောင့်ချက်ပေးသော် လည်း မျက်မြင်သက်သေ မရှိ ဟူသော အကြောင်းပြချက်ဖြင့် ဖိုးတုတ် တို့ အုပ်စု တရားသေ လွတ်ခဲ့သည်..။
 

ဖိုးတုတ် ကိစ္စနှင့်ပတ်သက်ပြီး ပုလိပ်လောက နှင့် တရားစီရင်ရေးလောက အကြား ပြသနာ များဖြစ်ပွား ခဲ့ပါတယ်..။
ပျက်ယွင်းနေသော တရားစီရင်ရေး စနစ်တစ်ခု ၏ အကျိုးဆက်အဖြစ် ဖိုးတုတ်နှင့် တပည့်များ ကြိုးဒဏ် မှ လွတ်သွားကြပြန်သည်…..။
ငွေများ အမှုနိုင်ခေတ်ပျက်ကြီးထဲ…………….ဦးဟုတ်ဂွမ် ဆိုသော ပုလိပ် အရာရှိတစ်ဦး အတွက် အမှန် တရားသည် နေရာ မရနိုင်ခဲ့ရှာပေ……..။
 

ဦးဟုတ်ဂွမ် ကိစ္စပြီး ကတည်းက လမ်းမတော် ဖိုးတုတ် လူမိုက် ဘ၀ကို စိတ်ကုန် ခဲ့ပါတယ်..
မိတ်ဆွေ အရင်းအချာ တစ်ယောက်ကို အရက်ရှိန် ၊ တပည့်ဇောများ နှင့် သတ်ပစ်ခဲ့ မိသည့် အတွက် စိတ်မကောင်းဖြစ်ခဲ့ ပါတယ်..
ပုလိပ်အဖွဲ့များ ကလည်း ဖိုးတုတ် အမှား ကိုစောင့်နေကြတော့ သည်.. ဘာပဲပြောပြော ဖိုးတုတ် က ဥပဒေ စိုးမိုးရေး ၀န်ထမ်းတွေကို ပါ ထိခိုက်လာပြီ မဟုတ်ပါလား……….။ လမ်းမတော် ရဲစခန်း က ဖိုးတုတ်ကို ရာဇ၀တ် အက်ဥပဒေ ၁၀၉ ၊ ၁၁၀ အရ ခြေချုပ်ဖြင့် လက်မှတ်ထိုးစေသည်။
အဲ့ဒီနောက်တော့ လမ်းမတော် ဖိုးတုတ် သရက်တော ဘုန်းကြီးကျောင်း အတွင်း သင်္ကန်းစည်း ပြီး လူမိုက်လောက ကို ခေတ္တအဆက် အသွယ်ဖြတ်ခဲ့လေတော့သည် ။
………………………………
ဂျပန်ခေတ် ဖိုးတုတ်
……………………..
၁၉၄၂ ဒုတိယ ကမ္ဘာစစ် ၊
စစ်အတွင်း ဖိုးတုတ် တို့မိသားစု တွံတေး ၀က်ကင်းကျေးရွာ နှင့် ဆိပ်ကြီးရွာ တို့တွင် တစ်လှည့်စီ သွား ခိုအောင်းနေ ပါတယ်…။
ဘီအိုင်အေနှင့် ဂျပန် တပ်များ ရန်ကုန် ကို သိမ်းပြီးသည့် အချိန်မှ ဖိုးတုတ် တို့ မိသားစု အိမ်ပြန်လာ ကြပါတော့တယ်..။
 

ပြန်လာလာ ချင်း ရဲဘော်သုံးကျိပ် ရဲ့ ဆရာရင်းဖြစ်သလို အဲ့ဒီ အချိန်က ဗမာ့လွတ်လပ်ရေး တပ်မတော် ရဲ့ အကြံပေး ဗိုလ်မှူးကြီး ဆူဇူးကီး (ခ) ဗိုလ်မိုးကြိုး ကို လမ်းမတော် ဖိုးတုတ်က ဖိတ်ခေါ် ပြီး မြို့တော်ခန်းမ မှာ ဧည့်ခံပွဲ လုပ်ပေးခဲ့ပါတယ်..။
ရဲဘော် သုံးကျိပ် ကို ငွေကြေး ကူညီပေးခဲ့တဲ့ ဖိုးတုတ် အကြောင်းကို အရင် ရန်ကုန်မှာ နေပြီး မီနာမီကီကန်း အဖွဲ့ထောက်လှမ်းရေး လုပ်ခဲ့ဖူးတဲ့ ဗိုလ်မှူးကြီး ဆူဇူးကီးက ကောင်းကောင်းကြားဖူးထား ပါတယ်..။
 

မကြာမီ ဂျပန် စစ်ဝတ်စုံနှင့် မြင်းတစ်ကောင် ကို စီးပြီး မြို့တွင်း လှည့်လည်နေသော လမ်းမတော် ဖိုးတုတ် ကို တွေ့မြင်ရပါတော့သည်..။
အင်္ဂလိပ်ခေတ် လူသတ် ၊ လုယက်မှုများ တွင် ပါဝင်ခဲ့သော လူမိုက်ကြီး ဖိုးတုတ် သည် ဂျပန်ခေတ် စစ်အုပ်ချုပ်ရေး တွင် ရန်ကုန်မြို့ငြိမ်ဝပ်ပိပြားရေး အတွက် လုံခြုံရေး အရာရှိ ရာထူး ရခဲ့ ပါတော့ တယ်………။
 

ဂျပန် ၀င်လာပြီး တစ်နှစ်ကျော်သည့် အခါ ရန်ကုန်မြို့ သို့ အင်္ဂလိပ်ခေတ် အရာရှိများ တဖွဲဖွဲ ပြန်လာ တာနဲ့အမျှ ဖိုးတုတ် အတွက်နေရာ မရှိတော့ပါဘူး..။
ယခင် အင်္ဂလိပ်လက်ထက် က တာဝန် ထမ်းဆောင်သူများ ကို ရာထူးပြန်ပေးတဲ့ အခါ လမ်းမတော် ဖိုးတုတ် မှာ နဂိုမူလ လူမိုက် အလုပ်ကိုသာ ဆက်လက် လုပ်ကိုင်ခဲ့ပါတော့တယ်..။
…………………
ဖိုးတုတ် နေ၀င်ချိန်
……………………………
၁၉၄၄ ခုနှစ်တွင် လမ်းမတော် ဖိုးတုတ် ၏ သြဇာ အာဏာ ကျဆင်း လာပါတယ်..။
ဆိုးသွမ်းရက်စက် ခဲ့သော တပည့်များ ကိုလည်း ဘီအိုင်အေ စစ်သားများ ၊ ၈ျပန် စစ်ရဲများက လက်စတုံး စီရင်နေသည့် အတွက် တပည့်များ သိပ်မကျန်တော့ ။ စစ် အတွင်း စစ်ပြေးရင်း တပည့်တွေလည်း တကွဲ တပြားဖြစ်ခဲ့ရသည် ။
 

ဒေါက်တာဘမော် က အစိုးရ အဖွဲ့အတွင်း အဓိပတိ ဖြစ်လာခဲ့သည် ။
လမ်းမတော် ဖိုးတုတ် နေရာ တွင် ပုသိမ်ညွန့်ဘဘိုး က နေရာဝင် ယူလာသည် ။
ပုသိမ်ညွန့် ဘဘိုး ကို ဖိုးတုတ် မယှဉ်နိင် ။
 

ဒေါက်တာဘမော် နန်းရင်းဝန် ဘ၀တွင်လည်း ပုသိမ်ညွန့်ဘဘိုးက အိမ်တော်စောင့် လုပ်ခဲ့သဖြင့် ရင်းနှီး မှုရှိနေသည်။
ဘဘိုး က ဂျပန်ခေတ် သာသနာရေးဝန်ကြီး ဗန္ဒုလဦးစိန် ၏ တူဝမ်းကွဲတော်သလို ညာလက်ရုံး လည်းဖြစ် သည် ။
လမ်းမတော် ဘိုးတုတ် နေ၀င်ပြီ…………။
တစ်ရက်မှာတော့ ဒေါက်တာဘမော် အစိုးရ အဖွဲ့မှ လုံခြုံရေး အကြောင်းပြချက်ဖြင့် လမ်းမတော် ဖိုးတုတ် ကို ဖမ်းဆီး ကာ တရားရုံး တင်ပို့ခြင်း မရှိဘဲ မြောင်းမြထောင် သို့ ချုပ်နှောင် ထားလိုက် ပါတော့ တယ်…….။
………………………………………..
ဖိုးတုတ် နိဂုံး
………………
မြောင်းမြထောင် ဆေးရုံကြီး တွင် လူမိုက်ကြီး ဖိုးတုတ် တစ်ယောက် လိပ်ခေါင်းရောဂါ ၊ အသဲရောဂါ တို့ဖြင့် အသည်း အသန်ဝေဒနာ ခံစားနေရသည်..။
ဘာကို မှ မကြောက်တတ်ဘူး ဆိုသော လူမိုက်ကြီး အခု တစ်စုံ တစ်ရာကို ကြောက်နေသည်။
သေခြင်း တရားနှင့်………….နောက်တစ်ခုက..။
ခေတ်ကောင်းစဉ်က ရင်းနှီးခဲ့သည့် ပုလိပ် အင်စပက်တာ ကိုခင်မောင်က ဆေးရုံကို လာကြည့်သည်…။
 

"ကျွန်တော် ဘာကူညီပေးရမလဲ ကိုဖိုးတုတ်"
"ကျွန်တော် သေတော့မှာပါ… ကျွန်တော့်ကို လွန်ခဲ့တဲ့ နှစ်တွေက စပြီး ချောက်လှန့်နေတာ ရှိတယ်..အခု ထောင်ထဲရောက်တဲ့ အထိ သူပါလာတယ်….
"ဘယ်သူလဲ ကိုဖိုးတုတ်..ဘယ်သူက ပါလာတာလဲ"
"ဆက်စန်းက ဂန်ဂရားကို ကျွန်တော်တို့သတ်ခဲ့တုန်းက ကုလားမလေး..သူ..သူ ကျွန်တော့် အချုပ်ခန်းမှာ ညတိုင်း လာငိုတယ်…. အခု ဆေးရုံရောက်တော့ ကျွန်တော့် ကုတင်ခြေရင်း မှာ လာငိုနေ တယ်..သူ့မှာ အပြစ် မရှိပါဘူးဗျာ.."
"ကိုဖိုးတုတ် ခင်ဗျားဘာတွေပြောနေတာလဲ..စိတ်ကို ထိန်းပါဗျာ "
"ဆရာ ဆေးပြင်းလိပ် ၊ ထန်းလျက် နဲ့ ကြက်စွပ်ပြုတ်လေး စားချင်တယ်"
ကိုခင်မောင် မျက်ရည်လည် သွားသည်။ တစ်ချိန်က ဘာမထီ လူမိုက်ကြီး ရဲ့ နောက်ဆုံး အချိန်က …………………..
ခရိုင် ရဲဝန်ဖြစ်နေပြီဖြစ်သည့် ကိုခင်မောင် အိမ်ချက်ခြင်းပြန်ပြီး ဖိုးတုတ်မှာသည့် အရာတွေကို စီစဉ်ပေး လိုက်သည် ။
ကြက်စွပ်ပြုတ်ကိုသောက်နေရင်းက….
"ဒါတွေ စားရလို့ ဆရာ့ ကိုကျေးဇူးတင်ပါတယ်.. တစ်ခုပဲ စိတ်မကောင်းတာ…. ဗမာပြည် လွတ်လပ်ရေး မရသေးဘူး.. ကိုအောင်ဆန်း တို့ကို အားကိုးပါတယ် လို့…..ပြောပေးပါဗျာ "
 

လမ်းမတော် ဖိုးတုတ်ရဲ့ စကားက နောက်ဆုံး ကိုကြားရတော့ ကိုခင်မောင် ရင်ထဲနင့်သွားရသည်..။
၁၉၄၄ ဒီဇင်ဘာ ၂၆ ရက်နေ့တွင် ရန်ကုန်မြို့ ရဲ့ နာမည်ကျော် လူမိုက်ကြီး လမ်းမတော် ဖိုးတုတ် အသက်(၄၆) နှစ်အရွယ် တွင် မြောင်းမြ အကျဉ်းထောင်ဆေးရုံ မှာ ကွယ်လွန်ခဲ့ပါတယ်..။
လမ်းမတော် ဦးဖိုးတုတ်ရဲ့ အလောင်းကို ညီဖြစ်သူ ဘသိန်း ကိုယ်တိုင် မြောင်းမြမြို့ မှာပဲ ဂူသွင်း သင်္ဂြိုလ်ခဲ့ပါတယ်…။
 

……………. ပြီးပါပြီ…………………။
 


မင်းပုည ရေးသား လမ်းမတော် ဖိုးတုတ် ၊ ဆရာကြီးသော်တာဆွေ ၏ ဘ၀ဇာတ်ကြောင်း ၊ စန္ဒာမဂ္ဂဇင်း ပါ ဆောင်းပါး ၊ ဦးဖိုးတုတ် ၏ ညီ ဦးဘသိန်း ဒေါ်ကြင် တို့၏ သမီးဒေါ်ခင်ခင် ၏ ပြောကြားချက်များအား မှီငြမ်းပါသည်။

Kokolwin ရဲ့ ရင်ခွင်လမ်းဘလော့မှ ကူးယူဖော်ပြပါသည်။

Weather Services PRO v2.3.4 pro Apk

$
0
0
Weather Services Pro apk

Phone Screen ပေါ်မှာ Weather Widget လေးတွေထားချင်သူများအတွက် Weather Services PRO နောက်ဆုံး ထွက် Version လေးကိုတင်ပေးလိုက်ပါတယ်ဗျာ။ သူ့ရဲ့ Weather Widget လေးတွေကလည်း တကယ်လန်း ပါတယ်ဗျာ။ နမူနာကြည့်နိုင်အောင် Screen Shot တွေကိုအောက်မှာ ပြပေးထားပါတယ်။ Android OS 1.6 နှင့် အထက်ဖုန်းများမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။


Weather Services PRO - screenshot  Weather Services PRO - screenshot

Weather Services PRO - screenshot   Weather Services PRO - screenshot

Weather Services PRO - screenshot   Weather Services PRO - screenshot

Weather Services PRO - screenshot   



**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

** အဆင်ပြေပါစေဗျာ။


Mocrosoft Office 2010/13 & Window 7/8 Activator - KMSpico v9.2.3

$
0
0
http://1.bp.blogspot.com/-eCtpVTgSvAA/UyJONhIbpDI/AAAAAAAAIgA/PEbrxsPQjUM/s1600/KMSPico.png
KMSpico v8.9 ရဲ့ Microsoft Office 2013 နဲ့ Window 7 , 8 နဲ့ အခြားသော Microsoft OS တော်တော်များ များကို Activate လုပ်ပေးနိုင်တဲ့ Software လေးအသစ်ထွက်လာလို့ထပ်ပြီးတင်ပေးလိုက်ပါတယ်ဗျာ။ လိုအပ် ချက်တစ်ခုကတော့ NET Frame Work 4.0 အနည်းဆုံးရှိထားမှာ အခု Activator ကို Rurn လို့ရမှာဖြစ်ပါတယ် အခု အသစ်ထွက်လာတဲ့ Version မှာတော့ Server တွေဖြစ်တဲ့ Windows Server 2008/Standard/Datacenter/Enterprise/2008R2/Standard/Datacenter/Enterprise/2012/Standard/Datacenter စတဲ့ OS တွေကိုပါ Activate လုပ်ပေးနိုင်လာပါပြီ။ အသေးစိတ်ကိုတော့အောက်မှာဆက်လက်ပြီးလေ့လာနိုင်ပါတယ်ဗျာ။


KMSpico – is the ideal tool to activate the final version of Windows 7/8/8.1 and Office 2010/2013. Activator does not require user intervention, the entire activation process takes place in the background, just run the activator and a couple of minutes to check the activation status of Windows and/or Office.
Important: If you like MS Windows and MS Office please buy legal and original this program help to test this products, but recommend you buy legal from creators (M$ Corp). I did this for fun, and now I am done with this. Working in W8 and Office 2013 fresh install and VOLUMEN LICENSE editions. Ja mata ne, Farewell, Hejdе, Ciao, Aloha, Zegnaj, Doei
Based off of open source code KMSEmulator of mikmik38, qad, jm287, zm0d, CODYQX4.
Requirements:
.NET 4.0 or Windows 8/8.1/2012/R2.
Activate:
Windows Vista Business/N/Enterprise/N
Windows 7 Professional/N/Enterprise/N
Windows 8 All
Windows 8.1 All
Office 2010/2013
Windows Server 2008/Standard/Datacenter/Enterprise/2008R2/Standard/Datacenter/Enterprise/
Windows Server 2012/Standard/Datacenter/2012R2/Standard/Datacenter 


**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

** အဆင်ပြေပါစေဗျာ။


လမ်းမတော် ဖိုးတုတ် သိုမဟုတ် လမ်းမတော် ဖိုးတေ ဇာတ်ကားကြည့်ချင်ရင်ကြည့်နိုင်ပါပြီ(ကျော်ဟိန်း ဇာတ်ကား )

$
0
0

Auslogics Disk Defrag Professional v4.3.8.0 Incl Keygen

$
0
0
http://pc-utility.com/images/300x200/auslogics-disk-defrag-pro.png

မိမိရဲ့ ကွန်ပြူတာကို Defragment လုပ်ပေးနိုင်မယ့် Software လေးတစ်ခုတင်ပေးလိုက်ပါတယ်ဗျာ။ Hard Disk အတွက် တစ်ပတ်ကိုတစ်ကြိမ်လောက် Defragement လုပ်ပေးသင့်ပါတယ်ဗျာ။  ကွန်ပြူတာ မှာရှိထားသင့် Tool လေးတစ်ခုပါဘဲ။ Defragmenter ဆိုတာဘာလည်းလို့မသိခင်တုန်းက ကျွန်တော်ဆရာ ရှင်းပြသ လိုပြန်ရှင်းပြရရင်တော့ အ၀တ်ဗီရိုထဲမှာ အ၀တ်တွေရှုပ်ပွနေတော့ ထပ်ထည့်စရာနေရာလွတ်သိပ် မကျန်ပါ ဘူးအဲလိုအချိန်မှာ အ၀တ်ဗီရိုကို သေသေချာချာရှင်းလင်းပြီး အ၀တ်တွေကိုလည်း စီစီရီရီထား မယ်ဆိုရင် ဗီရို ထဲမှာ ထပ်ထည့်စရာနေရာလွတ်တွေအများကြီးရသွားမှာပါတဲ့။ အဲဒီလိုရှင်းပြလိုက်တော့ လူပိန်းဖြစ်တဲ့ ကျွန်တော်လည်း ကွက်ကွက်ကွင်းကွင်းကြီး မြင်သွားတာပေါ့ဗျာ။ အခု Beginner တွေလည်း ရှင်းသွားလောက် ပါပြီနော်။ အမြဲတမ်းသုံးနိုင်အောင် Keygen ထည့်ပေးထားပါတယ်ဗျာ။


The professional edition of your favorite defragmenter. Now delivers even more speed to your hard drive, thanks to new optimization algorithms and boot-time defrag technology.
Auslogics Disk Defrag Pro Features:
- Defragments system files (MFT, pagefile, hiberfil, etc.)
- Offers a choice of 4 disk optimization algorithms
- Not only defrags, but prevents further fragmentation
- Uses special algorithms for SSD and VSS-enabled drives
- Shows detailed reports and performance charts
Ultimate Performance Boost
Disk Defrag Pro increases file access speed, meaning that just about everything on your PC will work faster.
Smart Defrag Algorithms
Thanks to 4 different algorithms for intelligent file placement, your hard drive will always run at its top speed.
Boot-time Defrag
Now you can defrag every single file, including crucial system files that are normally locked by Windows.
Fragmentation Prevention
Disk Defrag Pro not only defrags, but also can prevent further fragmentation by leaving free space after specified files.
Disk Cleanup And Checkup
For faster and safer defragmentation, you can set the program to remove temp files and check disks for errors.
Performance Charts
Speed improvements and disks’ state can now be easily tracked through detailed reports and performance charts.
Defragmentation Wizard
Can’t decide which defrag algorithm to choose? No worries! Use the Wizard to identify best defrag methods for your PC.
Resource Management
Limit the use of system resources by the defrag process when you’re at your PC, or lift any restrictions for faster defrag.


**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

** အဆင်ပြေပါစေဗျာ။


Screen Video Recorder

$
0
0





Android ဖုန်းတွေအတွက်screen video recorderလေးသုံးဘူးကြလားမသိဘူးကျွန်တော်သုံးဘူးသမျှထဲမှာတော့ဒီကောင်လေးအကြိုက်ဆုံးပဲသုံးရတာလည်းလွယ်တယ်မသုံးဘူးသေးတဲ့သူငယ်ချင်းများစမ်းသုံးကြည့်ပေါ့အောက်မှာပုံတွေအရင်ကြည့်ကြည့်အုံးကြိုက်ပြီဆိုရင်တော့


mediafire

မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်အသစ်ကို လာဖို့ အောက်ကလိပ်စာလေးနှိပ်ပါ

$
0
0
ဝက်ဆိုဒ်လိပ်စာအသစ် http://www.mssk.info/မှာ အသစ်တွေရော

အဟောင်းတွေပါ စုထားပါတယ် ။ အောက်ကလိပ်စာအသစ်ကိုနှိပ်ပါ

မောင်(စွယ်စုံကျမ်း) သို့ ရောက်ရန် ဒီကိုနှိပ်===> www.mssk.info

www.mssk.info

မောင်(စွယ်စုံကျမ်း) Domain လိပ်စာ ပြောင်းလိုက်တာမလို့  MSSK.apk အသစ်လုပ်နေဆဲပါ

$
0
0
အခုပတ်ထဲအပီး လုပ်ပီး mssk.apk ကို အားလုံးသုံးဖို့ တင်ပေးပါ့မယ်

လောလောဆယ် စာအသစ်မလာရင် www.mssk.info ထဲကိုဝင်ပြီး

စာအသစ်တွေ ကြည့်နိုင်ပါတယ် Feed Link ပြောင်းပြီး ပြန်လုပ်မှာမို့ 

နောက်ရက်လောက် အပီး ထုတ်ပေးပါ့မယ်.. ခဏစောင့်ပေးကြပါဗျိုး

မောင်(စွယ်စုံကျမ်း) ဆိုဒ်ရဲ့ MSSK ထည့်ထားသူများ Version အသစ် ထပ်ထည့်ပါ

$
0
0


မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်ရဲ့ MSSK.apk သုံးသူများ ယခုတင်လိုက်သော

Versionအသစ်ကို ပြောင်းသုံးကြဖို့ သတိပေးချင်ပါတယ်။အဟောင်းကြီးကို

ဖျက်ပြီး 16-4-201 ဒီနေ့ ထုတ် mssk.new.apkကိုဒေါင်းလုပ်ယူထည့်ပါ

mssk အသစ်ထည့်မှ နည်းပညာအသစ်တွေ ဖုန်းထဲကို ၀င်လာပါလိမ့်မယ်

Mssk အဟောင်းသုံးနေသူတွေ ဖျက်ပစ်ဖို့ မမေ့နဲ့ နော် အသစ်ယူထည့်ပါ


Download - mssk.new.apk for Android ( Mediafire)

Download - mssk.new.apk for Android ( zippyshare )

မောင်(စွယ်စုံကျမ်း) ဆိုဒ်ရဲ့ MSSK ထည့်ထားသူများ Version အသစ် ထပ်ထည့်ပါ

$
0
0


မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်ရဲ့ MSSK.apk သုံးသူများ ယခုတင်လိုက်သော

Versionအသစ်ကို ပြောင်းသုံးကြဖို့ သတိပေးချင်ပါတယ်။အဟောင်းကြီးကို

ဖျက်ပြီး 16-4-201 ဒီနေ့ ထုတ် mssk.new.apkကိုဒေါင်းလုပ်ယူထည့်ပါ

mssk အသစ်ထည့်မှ နည်းပညာအသစ်တွေ ဖုန်းထဲကို ၀င်လာပါလိမ့်မယ်

Mssk အဟောင်းသုံးနေသူတွေ ဖျက်ပစ်ဖို့ မမေ့နဲ့ နော် အသစ်ယူထည့်ပါ


Download - mssk.new.apk for Android ( Mediafire)

Download - mssk.new.apk for Android ( zippyshare )

မောင်(စွယ်စုံကျမ်း) ဆိုဒ်ရဲ့ MSSK ထည့်ထားသူများ Version အသစ် ထပ်ထည့်ပါ

$
0
0


မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်ရဲ့ MSSK.apk သုံးသူများ ယခုတင်လိုက်သော

Versionအသစ်ကို ပြောင်းသုံးကြဖို့ သတိပေးချင်ပါတယ်။အဟောင်းကြီးကို

ဖျက်ပြီး 16-4-201 ဒီနေ့ ထုတ် mssk.new.apkကိုဒေါင်းလုပ်ယူထည့်ပါ

mssk အသစ်ထည့်မှ နည်းပညာအသစ်တွေ ဖုန်းထဲကို ၀င်လာပါလိမ့်မယ်

Mssk အဟောင်းသုံးနေသူတွေ ဖျက်ပစ်ဖို့ မမေ့နဲ့ နော် အသစ်ယူထည့်ပါ


Download - mssk.new.apk for Android ( Mediafire)

Download - mssk.new.apk for Android ( zippyshare )

မောင်စွယ်စုံကျမ်း လိပ်စာက အသစ်ပြောင်းထားတာမလို့ အောက်က link ကို နှိပ်ပြီးလာပါ

မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ် - Mssk.apk ကို Play Store Market မှာယူရပြီ


Viewing all 2935 articles
Browse latest View live